နရသိန်
   
နိုင်ငံတကာရေးရာအဖြာဖြာကို ဤနေရာမှာဖတ်ရှုနိုင်ပါသည်။နောက်ဆုံသတင်းများကိုလည်း
ဖတ်နိုင်ပါသည်။
                             
                              
                                                              

အသိပေးအကြောင်းကြားခြင်း
နရသိန် ၀က်ဆိုဒ်သည် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ပိုင်ဆိုင်သော ၀က်ဆိုဒ်မဟုတ်ပေ နရသိန်
သည်အကျဉ်းကျနေသော နိုင်ငံရေးအကျဉ်းသားအားလုံးနှင့်သက်ဆိုင်ပါသည်။ နရသိန် သို့မည်
သူမဆို အကြံညဏ်များပေးနိုင်ပါသည်။ စာမှုများ ဆောင်းပါးများလည်း ပေးပို့နိုင်ပါသည်။


                                                                  နရသိန် 
နိုင်ငံရေးဘောလုံး ကြေငြာသံကို ဤနေရာတွင် downloadလုပ်ယူ၍နားဆင်နိုင်ပါသည်။
                                             
နိုင်ငံရေးဘောလုံး


၂၀၁၀ရွေးကောက်ပွဲအမြင်
၂၀၁၀ရွေးကောက်ပွဲကို ၀င်သင့်မ၀င်သင့်    အငြင်းအခုန်ဖြစ်ကြသည်။      ကျွန်တော့်အမြင်
ပြောရရင်  ၂၀၁၀ရွေးကောက်ပွဲသည်။  လက်ရှိ နအဖ  ရေးစွဲထားသော  အခြေခံဥပဒေပေါ်
တွင်မှုတည်သည်။   ယင်းအခြေခံဥပဒေသည်။    စစ်အစိုးရသက်ဆိုးရှည်ဖို့သာ ရေးဆွဲထား
သောအခြေခံဥပဒေမှန်း  အားလုံးသိကြသည်။  ဘယ်လိုမှ   တရားမျှတမှုမရှိပေ။ ထို့ကြောင့်
ကျွန်တော်တို့ ဒီမိုကရေစီအင်အားစုတစ်ခုလုံးသည်ေ၇ွးကောက်ပွဲ  ၀င်မည့်အစားဦးဆုံးလုပ်
ရမည်က ယင်းတရားမမျှတသောအခြေခံဥပဒေကို တရားမျှတသောအခြေခံဥပဒေဖြစ်အောင်
ပြည်သူတရပ်လုံး    ထောက်ခံသော    အခြေခံဥပဒေဖြစ်အောင် ဦးစွာ   လုပ်ဆာင်ရပေမည်။
တိုက်ပွဲဝင်ရပေမည်။    ရွေးကောက်ပွဲဝင်ရေးမ၀င်ရေးမှာ    လောလောဆယ်  အဓိကမဟုတ်
တရားမမျှတသောအခြေခံဥပဒေ နဲ့ရွေးကောက်ပွဲဝင်မည်ဆိုရင် နအဖ အားထောက်ခံအားပေး
သော သူများဖြစ်မည်မှာ မလွဲပေ။

                                             မိုးးရိပ်


 ဘတ်ဖလိုးရောက် နအဖအလိုတော်ရိ အနုပညာရှင်များအား
ဆန္ဒပြရန် ဆိုင်းပြင်း /
၈/၁/၂၀၁၀/ မိုးရိပ်

ဒါရိုက်တာ တင်သန်းဦး ရိုက်ကူးပြီး မြန်မာနိုင်ငံထဲမှာ ဖြန့်ချီနေတဲ့ အရုဏ်ဦးတွင် ဖူးသည့်ကြာ
ဗီဒီယို ဇာတ်ကားဟာ ဦးသန့်အရေးအခင်းနဲ့ ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုတွေကို သေးသိမ်
်အောင် ဖော်ပြထားပြီး သမိုင်းကြောင်းတွေကို အမှန်အတိုင်း မဖော်ပြတဲ့ အတွက် လည်ကောင်း
အနုပညာကို ပြည်သူအတွက် အသုံးမချပဲ ပြည်သူအားလုပ်ကြံလီစယ်ထားသည့်သမိုင်း အလိမ် 
ဇတ်ကားတွင် အသုံးချခြင်း  အနုပညာရှင်များသည်  ပြည်သူမှကျွေးသောထမင်းကိုစားပြီး အမှန်
အမှားကိုမစဉ်းစား ပြည်သူ့ဘက်မှမရပ်တည်ပဲ ထမ်င်းကျွေးသောလက်ကို ပြန်ကိုခြင်းတို့ကြောင့်
အဲဒီဇာတ် ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်တချို့ အမေရိကန် ဘတ်ဖလိုးမြို့ကိုရောက်
ကို ရောက်လာချိန်မှာ ကန့်ကွက် ဆန္ဒပြဖို့ အ မေရိကန်ရောက် နိုင်ငံရေးအကျဉ်းသားများနဲ့
မြန်မာ့အရေးစိတ်ဝင်စားသူများကစီစဉ်နေပါတယ်။


        8888လေးလုံးအထိမ်းအမှတ်ကဗျာပြိုင်ပွဲ
Buffaloမြို့တွင် ၈လေးလုံးနှစ်ပတ်လည်အခမ်းနားကိုကျင်းပမည်ဖြစ်ပြီး ကဗျာပြိုင်ပွဲပါ ပြုလုပ်
မည်ဖြစ်ပါသည်။ ကဗျာပြိုင်ပွဲသို့ မည်သူမဆိုဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။
ကဗျာပြိုင်ပွဲအတွက်သတ်မှတ်ချက်များမှာ--
၁။ ရှစ်လေးလုံးနှင့် သက်ဆိုင်သောစပ်ဆိုသည့်ကဗျာဖြစ်ရမည်။
၂။ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး အကျိုးပြုကဗျာဖြစ်ရမည်။
၃။ ကိုယ်ပိုင်ရေးကဗျာဖြစ်ရမည်။
၎။ကဗျာများကိုသြဂုတ်လ ၆ ရက် ၂၀၁၀။ အမေရိကန်အရှေ့ပိုင်းစံတော်ချိန် ၈နာရီ pm ထက်
    နောက်မကျပဲပေးပို့ရမည်။
ကဗျာပေးပို့သူသည်။ မိမိတို့`၏ အမည်၊ လိပ်စာ ၊ အီးမေး၊ အပြည့်အစုံရေးသား၍
buffalod8888@gmail.com သို့သတ်မှတ်ထားသည့်ရက်ထက်နောက်မကျစေပဲ ပေးပို့ရပါမည်။
ဆုရကဗျာများကို ရှစ်လေးလုံး အခမ်းနား
တွင် ထုတ်ပြန်ကြေငြာဆုချီးမြှင့်မည်ဖြစ်ပြီး။
ပထမ၊ ဒုတိယ၊ တတိယ ရသည့်ကဗျာများကိုလည်း ဂုဏ်ပြုရွတ်ဆိုသွားမည်ဖြစ်သည်။
 ကဗျာရွေးချယ်မည့်အကဲဖြတ်များမှာ
၁။ ကိုလောအယ်စိုး
၂။ကိုအောင်မိုး
၃။ကိုနီတွတ်
၎။ကိုမြင့်ထွေး
၅။မသီသီအောင်တို့ ဖြစ်ကြောင်းသတင်းရရှိပါသည်။






   ဘတ်ဖလိုးမြို့ မဟာသင်္ကြန်ပွဲတော်ကို ဂျူလိုင်လ(၃)ရက်တွင် ကျင်းပမည်ဖြစ်ပါ၍ ရပ်နီးရပ်ဝေး
မှ မြန်မာတိုင်းရင်းသားမိတ်ဆွေအပေါင်းအာ ပျော်ရွှင်စွာပါဝင် ဆင်နွှဲကြပါရန် ချစ်ကြည်ရင်နှီးစွာ
ဖြင့်ဖိတ်ကြားအပ်ပါသည်ခင်ဗျား
                                                             
                                                            ဘတ်ဖလိုး ရောက်မြန်မာတိုင်းရင်းသားမိသားစု

       အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ခေါင်းဆောင် ဦးဝင်းတင်

၂၀၁၀ ခုနှစ် နအနအဖစစ်အုပ်စုက ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ
များသည် တရားမျှတမှု လုံးဝမရှိသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) သည်
ပါတီအဖြစ်ထပ်မံမှတ်ပုံတင်တော့မည်မဟုတ်ကြောင်းဗဟိုဦးစီးအဖွဲ့ဝင်များ၏ဆွေးနွေးချက်အရ
ကန့်ကွက်သူမရှိအများသဘောတူဆုံးဖြတ်လိုက်ပြီးနောက်ဦးဝင်းတင်အပါအ၀င်(NLD)ဗဟိုခေါင်း
၏ဆောင်များနဲ့(NLD)လူငယ်ခေါင်းဆောင်များကိုရဲအထူးသတင်းတပ်ဖွဲ့မှအနီးကပ်စောင့်ကြည့်မှု
များရှိကြောင်းသတင်းရရှိသည်။

မြန်မာပြည်သူများတခဲနက်ထောက်ခံအားပေးမှုကိုရရှိခဲသော NLD ပါတီသည် ပြည်သူတရပ်လုံး
`၏နှလုံးကိုသိမ်းကြုံးစွဲယူနိုင်သော အားတက်စေသော မှန်ကန်သည့်ဆုံးဖြတ်ချက် ကိုချမှတ်နိုင်
သည့်အတွက် NLD ပါတီအား ပြည်သူနဲ့ အတူ ဦးညွတ်လိုက်ပါသည်။ ရှေ့ဆက်၍ မှန်ကန်သော ရဲ
ရင့်သော ပြတ်သားသော လုပ်ဆောင်ချက်များ ကိုလုပ်ဆောင်နိုင်ပါစေ။ ကျွန်တော်တို့အားလုံးNLD
နဲ့အတူတူ ရှိနေပါတယ်။
                                                                                                                 နရသိန်

       အကျဉ်းသားအခွင့်အရေးတောင်းဆိုချက်
အကျဉ်းသားများအနေဖြင့် အောက်ပါအခွင့်အရေးများကို သက်ဆိုင်ရာထောင်အာဏာပိုင်များ
ထံ
သို့၁၇.၂.၂၀၁၀ နေ့မှစတင်ပြီး တောင်းဆိုလိုက်သည်။

၁။ သတင်းစာအပါအ၀င် စာပေဖတ်ရှုခွင့်ပြည့်ပြည့်၀၀ရရှိရေး ။
၂။ ကျန်းမာရေးစောင့်ရှောက်မှုပြည့်ြ
ပည့်၀၀ရရှိရေး ။
၃။အကျဉ်းသားအားလုံး ပိုမိုကောင်းမွန်သော အစားအသောက်ရရှိရေး ။
၎။ နိုင်ငံရေးအကျဉ်းသားများ အဆောင်ပရ၀ုဏ်အတွင်း ထောင်ပိတ်ချိန်မှအပ အချိန်ပြည့်သွား
လာနိုင်ရေး။
၅။ စာပေရေးသားလေ့ကျင့်ခွင့်ရရှိရေး ။

တောင်းဆိုရသည့် အကြောင်းအရင်းများ –
အချက် (၁) ။ ။ သွင်းပို့လာသည့် စာအုပ် မဂ္ဂဇင်း ဂျာနယ် စသည်များကို တစ်ပါတ် ဆယ်ရက်
ကြာမျှကြံ့ကြာခြင်း ၊ စာအုပ်များတွင် ဆုတ်ဖြဲပယ်ဖျက်ခြင်း ၊ဖြတ်တောက်ခြင်း ၊သတင်းစာပုံမှန်
မရရှိခြင်း ၊တစ်ခါတစ်ရံ လုံးဝမရခြင်း ၊ ၂ရက် ၃ရက်ကြာမှ ရရှိခြင်း ။
အချက် (၂) ။ ။ သောက်ဆေး၊ထိုးဆေးများလုံလောက်စွ
ာမရခြင်း၊ ဆရာဝန်နှင့်တွေ့ရန် ခက်ခဲ
ကြံ့ကြာခြင်း ၊ မျက်စိနားခံတွင်းအတွက် ဆရာဝန်မရှိခြင်း ၊ အပြင်ဆေးကုခွင့်ရရန် ခက်ခဲကြံ့ကြာ
ခြင်း ၊ တိုက်ပိတ်အကျဉ်းသားများအတွက် မိလ္လာခွက်များ အဖုံးမပါရှိခြင်း ၊
အချက်(၃) ။ ။ နီရဲကြမ်းတမ်းပြီးစပါးလုံး ခဲများရောနေသော ဆန်ထမင်းကိုသာ စားရခြင်း ၊ တစ်
ပတ်လျှင်နှစ်နပ် အသားစားရသော်လည်း ကျန်ရက်များတွင် ပိုးကောင်များပါသော ပဲဟင်း ၊ ညစ်
ပတ်သောချဉ်ပေါင်ရွက် ၊ ကဇွန်းရွက် ၊ ဟင်းရွက်ပြုတ်ကိုသာစားရခြင်း ၊ ဆားမရရှိခြင်း ၊ ရရှိ
သောဟင်းများမှာ နံစော်၍ ထမင်းစားရန်မဖြစ်နိုင်ခြင်း ။
အချက်(၄) ။ ။နိုင်ငံရေအကျဉ်းသားများသည် တိုက်ခန်းကျဉ်းမှာ မနက်တစ်နာရီ နေ့ခင်းတစ်နာ
ရီသာ အပြင်ထွက်ခွင့်ရခြင်း ၊ ကျန်အချိန်များ တိုက်ထဲတွင် အပိတ်ခံထားရခြင်း ၊
အချက်(၅)။ ။ မည်သည့်အကျဉ်းသားမျှ စာပေလေ့ကျင့်ရန် ဘောပင် စာရွက် ကိုင်ဆောင်ခွင့်မရ
ခြင်း တွေ့ရှိ ပါက စစ်ခွေးတိုက်သို့ ပို့ဆောင်အရေးယူခြင်း မိသားစုထံသို့ အကြောင်းကြားစာ
ရေးသား ခွင့်မရခြင်း စသည်အချက်တို့ကြောင့်တောင်းဆြို
ခင်းဖြစ်သည်။

အကျဉ်းသားများကိုယ်စား
အင်းစိန် ဗဟိုအကျဉ်းထောင်
ရန်ကုန်


  ဦးမျိုးခင် အသက်(၅၃)နှစ်။ ဘ၀တစ်ပါးသို့ ပြောင်းသွားခြင်း
ရန်ကုန်တိုင်း၊ အလုံမြို့နယ် ၊သစ်တောလမ်း အိမ်အမှတ်(ရ)နေ အဘဦးတင်မောင် အမိဒေါ်ညွန့်
တို့သားထွေး ဒေါ်အေးမွန်ကျော် ခင်ပွန်း၊ မသဇင်ညွန့် ကိုရဲမာန်တို့ ဖခင် ဦးမျိုးခင် (၅၃)နှစ်သည်
(နိုင်ငံရေးအကျဉ်းသားဟောင်း သည်။ ၁၅.၁၂ .၂၀၀၉ နေ့ (အင်္ဂါနေ့ညနေ)(၅;၄၅) တွင်AMI
ဆေးရုံ၌ ဘ၀တစ်ပါးသို့ကူးပြောင်းကွဲ လွန်သွားပါသဖြင့် ကြွင်းကျန်ရစ်သော ရုပ်ကလပ်အား
(၁၆.၁၁.၂၀၀၉)နေ့၊ နေ့လည်(၁)နာရီတွင် AMI ဆေးရုံမှ နို့ဖိုးသူသာန်သို့ ပို့ဆောင် သဂြိုလ်မည်
ဖြစ်ပါသည်။  ဦးမျိုးခင် ရဲ့ ဈာပန ဓါတ်ပုံများကိုအောက်မှဓါတ်ပုံအား ကလစ်တစ်
ချက်တောက်၍ကြည့်ရှုနိုင်ပါသည်။
                           


နအဖ ကျင်းပမည့်ရွေးကောက်ပွဲ တရားမျှတမှု မရှိနိုင်ဟု
ဥပဒေအတိုင်ပင်ခံတဦး ထောက်ပြပြောဆို

NEJ/ ၁၅ ဇန်န၀ါရီ ၂ဝ၁ဝ
နအဖစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ယခုနှစ်အတွင်း လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ပြောဆိုခဲ့မှုသည် မည်သို့မျှမဖြစ်နိုင်ကြောင်း ရန်ကုန်မြို့မှ တရားရုံးချုပ် ရှေ့နေဟောင်းတဦးက ပြောသည်။

ဗီယက်နမ်နိုင်ငံတွင် ပြုလုပ်နေသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်နေသည့် မြန်မာနိုင်ငံခြားရေး ၀န်ကြီးက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအား ယခုလ (၁၃) ရက်တွင် ပြောကြား ခဲ့ကြောင်း အာဆီယံအတွင်းရေးမှူး စူရင်ပစ်စ၀မ်က ပြောဆိုခဲ့ခြင်းဖြစ်သည်။ယင်းသို့ ဦးဉာဏ်ဝင်းပြောကြားချက်နှင့်ပတ်သက်၍ ယခင်က တရားရုံးချုပ်ရှေ့နေဟောင်းတဦးဖြစ်ပြီး ယခု ဥပဒေအတိုင်ပင်ခံ တဦးဖြစ်သည့် ဦးအောင်သိန်းက ယခုကျင်းပမည့် ရွေးကောက်ပွဲသည် တရားမျှတသည့် လုပ်ထုံးလုပ်နည်းများနှင့် မညီကြောင်း ထောက်ပြပြောဆိုသည်။၎င်းက “၂၀၁၀မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတာကိုလည်း သတင်းစာတွေကနေပြီးတော့ အများပြည်
သူသိအောင် ဘယ်ရက် ဘယ်လမှာ အတိအကျလုပ်မယ်ဆိုပြီးတော့ ထုတ်ပြန်ကြေညာထားချက်
လည်း အခုထိမတွေ့ရသေးဘူး။ နောက်တချက်က သူပြော၊ ငါပြော၊ ဘေးပြော ထမင်းစားပွဲမှာ နိုင်ငံခြားရေးဝန်ကြီး ပြောတာတွေကတော့ သူတို့ယူဆချက်တွေ သူတို့ပြောတာ ဖြစ်မယ်။ အမှန်တော့ ဒါဟာ နိုင်ငံတခုအတွက် အရေးကြီးတဲ့ အပြောင်းအလဲတခုဖြစ်မယ့် ကိစ္စရပ်ဟာ ရက်တို့အချိန်တို့ ကန့်သတ်ချက် တိတိကျကျဖြစ်ဖို့လိုတယ်” ဟု ပြောသည်။
ထို့အပြင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ ကော်မရှင်အနေဖြင့် မည်သူများ ၀င်ရောက်
ယှဉ်ပြိုင်ခွင့်ရှိမည်၊ မည်သူများ ပါတီထူထောင်နိုင်မည့် အနေအထားရှိမည်၊ ရွေးကောက်ပွဲပြီးပါ
ကမည်သည့်အချိန်လွှတ်တော်ခေါ်ယူကာမည်သည့်အချိန်အာဏာလွှဲပေးမည်စသည့်အသေး
စိတ်အချက်အလက်များလည်း ကော်မရှင်အနေဖြင့် ထုတ်ပြန်ခြင်း မရှိသေးကြောင်းလည်း ရှင်းပြသည်။
“၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းကလည်း အဲလိုပဲ ကော်မရှင်ဥပဒေတော့ ထုတ်လိုက်တာပဲ။ အဲဒီမှာ ချန်လှပ်ကွက်တွေနဲ့ ဒီနေ့အထိ ၁၉၉၀ ရွေးကောက်ပွဲရဲ့ရလဒ်က အကောင်အထည်ပေါ်လာနိုင်ခြင်း မရှိသေးတာကို တွေ့ရတာပေါ့။ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ဆိုတာ တရားမျှတတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကြိုတင်ပြင်ဆင်ရမယ့် အချက်အလက်တွေရှိဖို့ လိုအပ်တယ်။ အဲဒါတွေမရှိသေးဘူးဆိုရင် အဲလိုခြွင်းချန် ချို့ယွင်းနေတဲ့အချက်အလက်ကသည်ပင်လျှင် တရားမျှတမှုကို မဖြစ်စေဘူးလို့ ကျနော်တို့က မြင်တယ်” ဟု ဦးအောင်သိန်းက ပြောသည်။


မွန်အမျိုးသားနေ့ ပိုစတာပါ စာသား ဖြုတ်ခိုင်းမှု နအဖအား မွန်အမျိုးသားများ ဝေဖန်

ဝီရ / ၈ ဇန်န၀ါရီ ၂၀၁၀

လာမည့် ဇန်နဝါရီ (၃၀) ရက်တွင် ကျရောက်မည့် (၆၃) ကြိမ်မြောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာပါ စာသားများအား နအဖအာဏာပိုင်တို့က ဖြုတ်ခိုင်းခြင်းသည် တိုင်းရင်းသားတို့၏ အခြေခံရပိုင်ခွင့် အခွင့်အရေးတို့ကို လျစ်လျူရှုလိုက်ခြင်းဖြစ်ကြောင်း ဝါရင့် မွန်နိုင်ငံရေးသမားတဦးက ပြောကြားသည်။၎င်းက “သမိုင်းဖြစ်ရပ်မှန်တရပ် အထိမ်းအမှတ်ပိုစတာမှာ ဖော်ပြလိုက်တာကို နအဖက ပြန်ဖြုတ်ခိုင်းနေတာဟာ တိုင်းရင်းသားတို့ရဲ့ မွေးရာပါအခွင့်အရေးဖြစ်တဲ့ စာပေယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ပိုင်ခွင့်နဲ့ ပြောဆိုရေးသားပိုင်ခွင့်ကို ပိတ်ပစ်တာဖြစ်တယ်။ သမိုင်းအမှန်
ကို အမှန်အတိုင်းရေးတာ ပိတ်ပစ်တယ်။ ဒါဟာ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို တန်ဖိုးမထားဘဲ လျစ်လျူရှုလိုက်တာ ဖြစ်တယ်” ဟု ပြောသည်။

မွန်အမျိုးသားနေ့ပိုစတာ၌ ပါသည့် သက္ကရာဇ် ၁၀၅၇ ခုနှစ်သည် မြန်မာဘုရင် အနော်ရထာ
က သုဝဏ္ဏဘူမိ သထုံပြည် မွန်နိုင်ငံတော်ကို သိမ်းပိုက်ကာ မွန်ဘုရင် မနူဟာမင်းနှင့်တကွ ပိဋကတ်သုံးပုံနှင့် ပညာရှင်များပါမကျန် ရှေ့ဟောင်းအမွေအနှစ် အားလုံးကို ပုဂံသို့ ဆောင်ယူသွားခဲ့သည့်ခုနှစ် ဖြစ်သောကြောင့် ယင်းကဲ့သို့ မဖော်ပြရန် အာဏာပိုင်တို့က ခေါ်ယူသတိပေးခဲ့ခြင်း ဖြစ်နိုင်ကြောင်း အဆိုပါ ဝါရင့် မွန်နိုင်ငံရေးသမားက ဆက်လက်ပြောကြားသည်။
ပွဲတော်ကျင်းပရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာ မင်းစိုးလင်းက “ပိုစတာမှာ ရေးထားတဲ့စာသားဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်စေတယ်။ ဒါကြောင့် ဖြုတ်ပေးဖို့ ပြည်နယ်အေးချမ်းသာယာရေး ဖွံ့ဖြိုးရေးကောင်စီက ကျနော်တို့ကို ဒီဇင်ဘာ (၂၉) ရက် နေ့လယ်ပိုင်းမှာ ခေါ်တွေ့တယ်။ ပိုစတာမှာ အရင်နှစ်တွေ
လိုပဲ မွန်နဲ့ဗမာ နှစ်ဘာသာ ရေးထားတဲ့အထဲက ဗမာစာပိုဒ် (၂) ကြောင်းကို ဖြုတ်ခိုင်းတာ ဖြစ်တယ်” ဟု ပြောသည်။
အရွယ်အစား (၁၂) ပေ x (၈) ပေရှိသည့် ထိုပိုစတာကြီးမှ ဖြုတ်ပစ်ခိုင်းသည့် စာသားအပြည့်အစုံမှာ “သထုံတဝိုက်မှ မလေးကျွန်းဆွယ်အထိ အရှေ့တောင်အာရှဒေသတခုလုံးသည် သုဝဏ္ဏဘူမိဒေသတွင် အကျုံးဝင်သည်။ သက္ကရာဇ် ၁၀၅၇ တွင် သထုံဒေသ တိုက်ခိုက်ခံရပြီး အမျိုးသားအမွေအနှစ်အားလုံး ဆောင်ကြဉ်းသွား
ခြင်း ခံရသော်လည်း သုဝဏ္ဏဘူမိ နန်းစဉ် ဗုဒ္ဓရုပ်ပွားတော်ကိုကား ပင့်ဆောင်သွားခြင်း မပြုနိုင်ခဲ့ချေ” ဟူ၍ ပါရှိပြီး ထိုကာလက ပုဂံသို့ ပင့်ဆောင်သွားနိုင်ခြင်း မရှိခဲ့သည့် သုဝဏ္ဏ
ဘူမိ နန်းစဉ်ဗုဒ္ဓရုပ်ပွားတော်ပုံနှင့် သုဝဏ္ဏဘူမိ ဒေသပြမြေပုံတို့ဖြင့် ပိုစတာကို အခြေခံသရုပ်ဖော်ထားသည်။
ပိုစတာဒီဇိုင်းပုံကို မရိုက်နှိပ်မီ (၂) ပတ်အကြာ သက်ဆိုင်ရာအာဏာပိုင်တို့ထံ ကြိုတင်တင်ပြခဲ့ပြီးဖြစ်သော်လည်း မွန်ပြည်နယ်အနှံ့ ပိုစတာ စောင်ရေ (၁၀၀) နီးပါး စိုက်ထူပြီးချိန်မှ ပြင်ဆင်ခိုင်းသဖြင့် အခက်အခဲများစွာနှင့် ကြုံတွေ့ခဲ့ရကြောင်း ကျင်းပရေးကော်မတီဝင်များထံမှ သိရသည်။သဘာပတိမိန့်ခွန်းပါ သက္က
ရာဇ် ၁၀၅၇ စာပိုဒ်နှင့် အခြားလက်ကမ်းစာစောင်များမှ စာပိုဒ်အချို့ကိုလည်း ယခုနှစ် ပွဲတော်တွင် မဖတ်ကြားရန် တားမြစ်ခဲ့ကြောင်းလည်း သိရသည်။
ပိုစတာက Message လေးတခုကိုတောင် မဖော်ပြခိုင်းတာဆိုတော့ နိုင်ငံရေး၊ တိုင်းရင်းသားအရေးကိစ္စတွေနဲ့ ပတ်သက်လာရင် နအဖက ပိုတင်းမာနိုင်တဲ့ သဘောထားမျိုးနဲ့ လူမျိုးစုတွေအပေါ် ပိုမိုဖိနှိပ်ချုပ်ချယ်ဦးမှာပဲ။ ဒီလုပ်ရပ်ဟာ နအဖ ဟစ်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာ” ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင် တဦးက ပြောသည်။ရန်ကုန်မြို့တွင် မွန်အမျိုးသားနေ့ ပွဲတော်အခမ်းအနား ကျင်းပခွင့်ကို
၂၀၀၂ ခုနှစ်မှစ၍ ပိတ်ပင်ခံခဲ့ရပြီး ဗဟိုအခမ်းအနားအဖြစ် မွန်ပြည်နယ် (၁၀) မြို့နယ်တွင် အလှည့်ကျကျင်းပခဲ့ရာတွင် သဘာပတိမိန့်ခွန်းနှင့် စာရွက်စာတမ်းအချို့မှ စာပိုဒ်အချို့ကို မဖတ်ကြားရန် အာဏာပိုင်တို့က တားမြစ်ခဲ့မှုများ ရှိသော်လည်း ပိုစတာပါ စာသား ဖြုတ်ခိုင်းသည်မှာ ယခုနှစ်တွင် ပထမဆုံး အကြိမ်ဖြစ်သည်။


အန်အယ်လ်ဒီက ဗဟိုအလုပ်အမှုဆောင်များ ထပ်တိုး
စိုးမိုး / ၈ ဇန်န၀ါရီ ၂၀၁၀

အဓိက နိုင်ငံရေးပါတီကြီးဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ဗဟိုအ
လုပ်အမှုဆောင် အဖွဲ့ဝင်သစ် (၇) ဦးမှ (၉) ဦးအထိ ထပ်တိုးဖွဲ့စည်းမည်ဖြစ်သည်။
နှစ်ပေါင်း (၂၀) ကျော် နိုင်ငံအာဏာကို သိမ်းယူထားသည့် စစ်အစိုးရက စစ်သား (၄) ပုံ (၁) ပုံ ပါသည့် အစိုးရသစ်ကို အာဏာလွှဲပြောင်းမည်ဆိုသည့် ယခုနှစ်တွင် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီ အန်အယ်လ်ဒီက ပါတီလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ထပ်တိုးဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။“စီအီးစီ (၇) ဦး၊ ဒါမှမဟုတ် (၉) ဦး ထပ်တိုးဖွဲ့စည်းမှာ ဖြစ်ပါတယ်။ လာမယ့် တနင်္လာနေ့ အစည်းအဝေးမှာ အတည်ပြု ခန့်အပ်မှာပါ” ဟု အန်အယ်လ်ဒီ ပြန်ကြားရေးတာဝန်ခံ ဦးခင်မောင်ဆွေက အတည်ပြုပြောကြားသည်။ယခင် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ အပါအ၀င် ဗဟိုအလုပ်အမှုဆောင် (စီအီးစီ) အဖွဲ့ဝင် (၁၁) ဦးရှိရာမှ ယခု (၇) ဦးမှ (၉) ဦးအထိ ထပ်မံတိုးချဲ့မည်ဖြစ်ရာစီအီးစီအဖွဲ့ဝင်(၁၈)ဦးမှ(၂၀)အထိရှိလာမည်ဖြစ်သည်။ဗဟိုအလုပ်အမှု
ဆောင် အဖွဲ့ဝင်သစ်များစာရင်းကို လာမည့် တနင်္လာနေ့ အဖွဲ့ချုပ်အစည်းအဝေးတွင် တင်သွင်းအတည်ပြု သတင်းထုတ်ပြန်မည်ဖြစ်သည်။
အဓိက နိုင်ငံရေးပါတီကြီးဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက အနိုင်ရပါတီအား အာဏာလွှဲပြောင်းပေးခြင်းမရှိဘဲ အာဏာသိမ်းယူခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်နယ်နှင့် တိုင်းအသီးသီးရှိ အန်အယ်လ်ဒီ ပါတီအဖွဲ့ချုပ် မြို့နယ်ရုံးခွဲများ ချိပ်ပိတ်ခံခဲ့ရပြီး အန်အယ်လ်ဒီ ပါတီဝင်အများအပြား ထောင်ဒဏ်ကျခံနေရဆဲဖြစ်သည်။ယခုနှစ်လွတ်လပ်ရေး
နေ့ သ၀ဏ်လွှာတွင် နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူုးကြီးသန်းရွှေက ၂၀၁၀ ခုနှစ်အတွင်း ရွေးကောက်ပွဲပြုလုပ်ပေးမည်ဟုအတိအလင်းထုတ်ဖော်ပြောဆိုခဲ့သည်။
ရွေးကောက်ပွဲနှင့်ပတ်
သက်၍အန်အယ်လ်ဒီဘက်မှလည်းအဖွဲ့ချုပ်ခေါင်းဆောင်များအပါအ၀င်နိုင်ငံရေးအကျဉ်းသား
များ အားလုံးပြန်လွှတ်ပေးရန်၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီ စံနှုန်းများနှင့်မကိုက်ညီသည့် အချက်များကို ပြင်ဆင်ပေးရန်၊ လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲဖြစ်မြောက်ရေး နိုင်ငံတကာစောင့်ကြပ်လေ့လာမှုများကို ခွင့်ပြုရန် နအဖထံ တောင်းဆိုထားပြီး ယင်းအချက်များကို လိုက်လျောခဲ့ပါက အန်အယ်ဒီအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာဥပဒေများကို လေ့လာကာ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားမည်ဟု ၂၀၀၉ ခု ဧပြီလအတွင်းက ရွှေဂုံတိုင်ကြေညာစာတမ်း တစောင် ထုတ်ပြန်ထားသည်။


 

(ဇာကနာကိုလေးစားတဲ့ ကိုအားမာန်နဲ့ တွေ့ဆုံခြင်း)
 မဆလတစ်ပါတီ အာနာရှင်စနစ် န၀တ. နအဖစစ်အာနာရှငိစနစ်တွေကို ပြည်သူသိအောင် ဟာသအနုပညာဖြင့် တင်ပြနိုင်သူဟာ ကိုဇာကနာပဲဖြစ်ပါတယ်။ ၈၈လူထုသပိတ်ကြီး၇ဲ့ မောင်းနှင်အားလို့လည်း ပြောနိုင်တယ်။ နိုင်ငံရေးအကျည်းသားအားလုံးလွတ်မြောက်ရေး
အတွကကမာတစ်ဝန်းတောင်းဆိုသံတွေကိုထောက်ခံကြိုဆိုပါတယ်။ကိုဇာကနာကိုလည်း
အမြန်ဆုံးလွတ်ြေ
မာက်စေလိုတယ်။အထူးဆလးစားပါတယ်ဆိုတဲ့ဟာသအနုပညာဝါသနာရှင်
မျိုးဆက်သစိ ကိုအားမာန်နဲ့ ခဏတာ တွေ့ဆုံမေးမြန်းခဲ့သမျှ တင်ပြလိုက်ပါတယ်။

နေသူရိန်          =ကိုအားမာန်တို့ (စုအားမာန်) အဖွဲ့ ရဲ့ ဟာသဖျော်ဖြေတင်ဆက်မှု အစီအစဉ်ကို
ကုန်ခဲ့တဲ့ သြဂုတ်လက (RFA)ရဲ့                      
          ကြာသပတေးနေ့မနက်ပိုင်းအစီအစဉ်မှာ ထုတ်လွင့်သွားတာကို နားထောင်ခဲ့ရပါတယ်။ နောက်ထပ်ဘာတွေလုပ်ဖို့စီစဉ်နေပါသလဲ ။

အားမာန်         = နအဖ စစ်အာနာရှင်စနစ်ရဲ့ သရုပ်သဏာန်ကို ပုံဖော်ပြီး ပြည်သူတွေကြားထဲသို့ ရောက်နိုင်သလောက်ရောက်အောင် တင်ပြဖို့ကြိုးစားနေပါတယ်။

နေသူရိန်        = ကိုအားမာန်ကိုယ်တိုင် ဖန်တီးထားတဲ့ ဟာသတစ်ခုခုကို ပရိတ်သတ်အတွက်မိတ်ဆက်ပေးစေလိုပါ
တယ်။

အားမာန်        = ဗိုချုပ်မှူးကြီး သန်းရျွှေက မြန်မာနိုင်ငံကို စက်မှူထွန်းကားတဲ့ နိုင်ငံထူထောင်မယ်တဲ့။ ကျွန်တော်ထင်တာက  စက်မှုရှေ့မှာ ရက်ဆိုတဲ့ စာလုံး ဖြည့်ထည့်လိုက်ရင်  (ရက်စက်မှုထွန်းကားတဲ့ နိုင်ငံဖြစ်သွားလိမ့်မယ်)

နေသူရိန်        = ကိုအားမာန်ဟာ စုအားမာန်အဖွဲ့ကို ထိုင်းမြန်မာနယ်စပ်တစ်နေရာမှာ ထူထောင်ပြီး ဟာသအနုပညာဖြင့် တင်ဆက်လျက်ရှိပါတယ်။ ကိုာအားမာန်ရဲ့ လူကြိုက်အများဆုံး ဟာသအစီအစဉ်ကတော့ (၂၀၁၀ အချုပ်အချာချန်ပီယံဖလားအုပ်စုပါ
တ်လည် အကြိုဗိုလ်လုပွဲ အာနာရှင်ဘောလုံးအသင်းနဲ့ ဒီမိုကရေစီဘောလုံးအသင်းတို့အဝေးကွင်း ဖြစ်တဲ့ နိုင်ငံတကာ မီဒီင်္ယာ ကွင်းမှာ ယှဉ်ပြိုင်မှု အစီအစဉ်ပဲဖြစ်ပါတယ်။

လွတ်မြောက်လာသူများစာရင်း

1. Angaelay (Mandalay prison) - student
2. Aung Gyi (Insein prison) - student
3. Aung Gyi @ Aung Thwin (Shwebo prison) – journalist, former political prisoner,
     88 Generation Students
4. Aung Ko Oo (Tharawaddy prison) - student
5. Aung Lwin (Thandwe prison)
6. Aung Myint (Myaungmya prison) - NLD member; Human Rights Defenders and
    Promoters member
7. Aung Myo (Shwebo prison) – NLD Township Organiser
8. Aung Naing (Insein prison) – NLD member
9. Aung Swe (Shwebo prison) - NLD member
10. Aung Tun (Tharawaddy prison) – student; member of the All Burma Federation
       of Student Unions
11. Aye Min (a) Aye Min Min (Tharawaddy prison) – private tutor
12. Ba Chit (Tharawaddy prison) – Ex-captain in the army
13. Ba Min (Kale prison) – NLD member
14. Bo Bo (Myingyan prison)
15. Bo Gyi (Pegu prison)
16. Cho Mar Htwe, (Female) (Moulmein prison) – NLD member
17. Eimt Khaing Oo, Female (Insein prison) – journalist; Cyclone Nargis volunteer
18. Hlaing Aye (Kale prison) - NLD MP, Former Political Prisoner
19. Hla Shein, (Hinzada prison) , Human Rights Defenders and Promoters
20. Htay Win (Thayet prison) – NLD Township Organizer
21. Khaing Kaung Zan, (Thayet prison) – Arakan League for Democracy in exile
       member
22. Khin Khin Lay (a) Khin Lay, (Female) (Pegu prison) – NLD member
23. Khin Maung Chit (Meiktila prison) - NLD Local Secretary
24. Khin Maung Thein (Shwebo prison) – NLD member
25. Khin Moe Aye (a) Moe Moe (Female), (Myingyan prison) – 88 Generation Students
      member; former political prisoner
26. Kyaw Kyaw Thant (Insein prison) – journalist; Cyclone Nargis volunteer
27. Kyaw Lwin, (Hinzada prison) , Human Rights Defenders and Promoters
28. Kyaw Maung (Myitkyina prison) – NLD MP
29. Kyaw Thu Htike (Taunggyi prison)
30. Kyaw Win (Tharawaddy prison) – All Burma Students Democratic Front
31. Kyi Kyi Min, (Female) (Insein prison) – NLD member
32. Kyi Lin (Myintkyina prison) – NLD member
33. Ma Ei (female) (Paungde prison)
34. Ma Htay (a) San San Myint, (Female) (Insein prison)
35. Ma Mi Mi Swe (female) (Henzada prison)
36. Maung Maung Htwe (Shwebo prison)
37. Maw Si (Shwebo prison) – NLD Youth member
38. Mi Mi Sein, (Female) (Insein prison) – NLD Township Joint-Secretary
39. Michael Win Kyaw (Kale prison) – 88 Generation Students member; former
        political prisoner 40. Min Min (a) La Min Tun, (Hinzada prison) , Human Rights
        Defenders and Promoters
41. Min Min Soe (Myingyan prison) – 88 Generation Students member
42. Moe Hlaing (Moulmein prison)
43. Moe Kyaw Thu (a) Bo Bo (Mandalay prison)
44. Moe Lwin (Moulmein prison) – individual activist
45. Monywar Aung Shin (a) U Aye Kyu (Insein prison) - Member of NLD and poet
46. Mya Sein, (Hinzada prison) , Human Rights Defenders and Promoters
47. Myint Oo (a) Ni Ni (Mandalay prison) – NLD Township organizer; former political
       prisoner 48. Myint Oo (Thayet prison) – NLD Township Joint Secretary
49. Myo Min Lwin (Moulmein prison)
50. Myo Yan Naung Thein (Thandwe prison) – 88 Generation Students member,
       former political prisoner
51. Nay Win (Myintkyina prison) – NLD Township Organizer
52. Nine Nine (Insein prison) – NLD MP, Former Political Prisoner
53. Nu Nu Swe @ Pauk Pauk (female) (Myaungmya prison)
54. Nyi Nyi Min (Buthidaung prison) – NLD member
55. Nyo Mya (Kale prison) – NLD member
56. Pe Tin (Pegu prison) – NLD member
57. Pyae Phyo Aung (a) Hnan Mue (Pa-An prison)
58. San Pwint (Kale prison) – NLD member; teacher
59. San Ya (Tharawaddy prison) – NLD member
60. Sandar Min (a) Shwee, (Myaungmya prison) – 88 Generation Students, Former
       Political Prisoner
61. Sandar, (Female) (Myingyan prison) – NLD member
62. Saw Myo Min Hlaing @ James (Thaton prison) - Private Tutor
63. Saw Taw Kyi (Thayet prison) – Karen National Union member
64. Shin Sandaw Batha, Monk (Insein prison) – All Burma Monks’ Alliance
65. Shwe Thar (a) Tin Win (Tharawaddy prison) – Karen National Union member
66. Soe Han (Lashio prison) – lawyer; Chair of the National League for Democracy’s
       (NLD) legal advisory body
67. Soe Wai (a) Than Zaw (Myitkyina prison)
68. Than Min (a) Tin Tun Aung, (Taungoo prison) – NLD member
69. Than Than Htay, (Female) (Insein prison) – student
70. Than Than Sint, (Female) (Insein prison)
71. Than Tun (Shwebo prison)
72. Than Zaw Oo (Tharawaddy prison) – NLD member
73. Thar Cho, (Thayet prison) – NLD Township Organizer
74. Thein Zaw (Tharawaddy prison)
75. Thet Oo (Taungoo prison) – Human Rights Defenders and Promoters member
76. Thet Zin (a) Maung Zin (Kale prison) – journalist; former political prisoner; member
       of the All Burma Federation of Student Unions and the Democratic Party for a New
        Society
77. Thin Min Soe, (Female) (Insein prison) – labour activist
78. Thura Win @ Thura Lin (Buthidaung) – Student
79. Tin Mar Swe (female) (Mandalay prison)
80. Tin Maung Nyunt (Shwebo prison) – NLD Township Organiser
81. Tin Mya (Insein prison) - National League for Democracy Township chairperson,
       Former Political Prisoner
82. Tin Myint (Insein prison) – NLD member
83. Tin Myint (Tharawaddy prison)
84. Tin Myo Htut (a) Kyaw Oo (Insein prison) – Generation Wave; former political prisoner
85. Tin Tin Myint, (Female) (Insein prison) – third year chemistry student
86. Tin Tun (a) Kyaw Swa (Tharawaddy prison) – UN Development Program staff (New
       Era journal distributor)
87. Tun Hla (Tharawaddy prison)
88. Tun Oo (a) Ngar Kalar (Taungoo prison)
89. Tun Tun Nyein, (Thayet prison) – NLD Youth member
90. Tun Tun Oo (a) Nanda Malar (Taungoo prison) – monk
91. Tun Tun Oo (Thandwe prison)
92. U Han Sein (Tharawaddy prison) – NLD member
93. U Myint, (Hinzada prison) , Human Rights Defenders and Promoters
94. U Pannita (a) Myint Aye (Taungoo prison) – monk; Human Rights Defenders and
       Promoters member
95. U Peter (Loikaw prison)
96. U Win, (Hinzada prison) , Human Rights Defenders and Promoters
97. U Zawana (a) Soe Myint (Taungoo prison) - monk
98. Win Myint (Insein prison)
99. Wunna Soe (Pa-An prison) – Democratic Party for a New Society member
100. Yan Aung Shwe (Thayet prison) – All Burma Students Democratic Front member
101. Yan Naing Min (a) Nan Wai (Mandalay prison) – student
102. Zaw Htet Aung (Kale prison) - student
103. Zaw Tun (Taungoo prison)
104. Zin Mar Aung (female) (Mandalay prison) – student; NLD member


သူတို့တွေကိုချက်ချင်းလွှတ်
 
Advertisement
 
ဆရာကြီးအမှတ်တရ
 
သူ့မှာတမ်း သူတို့အဆုတ်၊ထားခဲ့မြှုတ်သည့် ဗုံးငုတ်တိုက်မှား၊မောင်ပြောက်ကျားကို ရွာသားရွာသူမေးကြမြူသည် အူအူယမ်းငွေ့ထတုန်းတည်း။ အမောင်ပြောက်ကြား၊ ချစ်သူအားကို ဘာများမှာခဲ့လိုသနည်း။ ငယ်ကကြင်မြတ် မိသတ်မှတ်ကို ခွင့်လွှတ်ခဲ့ကြောင်းပြာပါလေ။ အမောင်ပြောက်ကျား မိဘအားကို ဘာများမှာခဲ့လိုသနည်း။ မွေးသည့်မိခင် မွေဖခင်ကို ဦးတင်ခဲ့ကြောင်းပြောပါလေ။ အမောင်ပြောက်ကျားတိုင်းပြည်အားကို ဘာများမှာခဲ့လိုသနည်း။ ခရီးမတ်တတ် လမ်းခုလတ်တွင် ကိုယ်လွတ်ရှောင်ခွာ ခွဲရပါ၍ အားနာခဲ့ကြောင်းပြောပါလေ။ ယမ်းငွေ့အူအူ တလူလူနှင့်မေးမြူကြတုန်း အနောက်ကုန်းတွင် နေလုံးကွယ်လေပြိတကား။ မင်းသုဝဏ်


၈၈အရေးတော်ပုံကြီး၏ပုံရိပ်များ - ဖျောက်ဖျက်မရပါ

တိုင်းတပါးကျွန် စစ်တပ်ကျွန်nဘယ်ကျွန်မှမခံ

ဒေါင်းအလံဟေ့ ... ကျောင်းနံရံတ၀ိုက်

ဒေါင်းအလံပြန်စိုက်မယ်

ဒေါင်းအလံပြန်စိုက်မယ်

မင်းကိုနိုင်


Buffalo မြို့မှဒေါ်အောင်ဆန်းစုကြည်ဆုတောင်းပွဲ

ချက်ချင်ရင်ဒီမှာရှိနေတယ်
နိုင်ငံရေးအကျဉ်းသားတစ်ဦးအတွက်
 
ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံ ရေးအကျဉ်းသားအားလုံးကြားပါစေသား သိပါစေသား၊ အများအတွက်၊ တိုင်းပြည် အတွက်၊ ကိုယ်ကျိုးစွန့်၍၊ အနစ်နာခံ၍ နိုင်ငံရေးလုပ်ခြင်း၊ မိမိယုံကြည်ချက်အ တွက်အကျဉ်းထောင်များ၌၊ နေအိမ်များ၌ မတရားဖမ်းဆီးခံနေရသော သူရဲကောင်း အပေါင်းအား ငါတို့ပြည်သူလူထုကြီးက ဦးညွတ်လိုက်ပါတယ်။ ဂုဏ်ပြုလိုက်ပါ တယ်။ သင်တို့ရဲ့စွန့်လွှတ်မှုများကို ငါတို့ အတုယူရင်း သင်တို့ရဲ့ လုပ်ဆောင်မှုများ အတိုင်း ငါတို့လည်း ပေးဆပ်ဖို့ အဆင် သင့် ရှိနေပါပြီ။ မင်းကိုနိုင်

ရွှေဝါရောင်တော်လှန်ရေးရဲ့မြင်ကွင်းများ
ရွှေဝါရောင်တော်လှန်ရေးမှာသွေးမြေကျခဲ့ရတဲ့ ရဟန်း၊ - သံဃာ၊ ပြည်သူအပေါင်းအားဦးညွတ်လျှက်

ဝက်ဆိုဒ်အသစ်ကိုပြုလုပ်ထားပါသည် ၀င်ရောက်အားပေးကြပါ။ံ့http://narathein.ibloger.org http://www.webnarathein.tk
အကျဉ်းထောင်` ရက်စက်သည့်ပုံစံ
 

ရက်စက်ယုတ်မာသည့်လုပ်ရပ်များအား - ဆန့်ကျင်ကြ...ဆန့်ကျင်ကြ...ဆန့်ကျင်ကြ



လူထုအသံ
Grazr




နိုင်ငံရေးသီချင်းများ

လာရောက်လည်ပတ်သူများ
 



ပြက္ခဒိန်အားကြည့်ရှုနိုင်ပါသည်





 

=> Do you also want a homepage for free? Then click here! <=
n
အောင်မိုး
ဖန်တီးသူ
Dedign by
မိုးကြီး