သတင်း
 

နိုင်ငံတကာရေးရာအဖြာဖြာကို ဤနေရာမှာဖတ်ရှုနိုင်ပါသည်။နောက်ဆုံသတင်းများကိုလည်းဖတ်
နိုင်ပါသည်။


နိုင်ငံရေးအမှုလိုက်ရင်း ရှေ့နေက တရားခံဖြစ် အန်အယ်ဒီရှေ့နေကြီးဦးအောင်သိန်းကိုထောင်(၄)လချ
ကိုဝိုင်း/ ၇ နိုဝင်ဘာ ၂၀၀၈

နိုင်ငံရေးအကျဉ်းသားများ၏ အမှုများကို ဥပဒေအကျိုးဆောင်ပေးနေသော ရန်ကုန်မြို့မှ ရှေ့နေ
များဖြစ်သည့် ဦးအောင်သိန်းနှင့်  ဦးခင်မောင်ရှိန်တို့အား တရားရုံးကိုမထီမဲ့မြင်ပြုမှုဖြင့် ၎င်းတို့၏
မျက်ကွယ်၌ တရားရုံးချုပ်က ထောင်ဒဏ် (၄) လစီအပြစ်ပေးလိုက် သည်။   အပြည့်အစုံ. . . .


အန်အယ်ဒီ နှုတ်ထွက်လူငယ်များ ဦးဝင်းတင်နှင့်တွေ့ပြီး ၄င်းတို့ပြဿနာတင်ပြ

မြင့်မိုးဇော်/ ၆ နိုဝင်ဘာ ၂၀၀၈

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ နှုတ်ထွက်လူငယ် (၂၀) ၀န်းကျင်သည် အဖွဲ ချုပ်ဗဟိုအလုပ်အမှု
ဆောင်အဖွဲ့ ဝင် ဥိးဝင်းတင်အား နိုဝင်ဘာ ၅ ရက်နေ့က ၄င်း၏နေအိမ်သို့ သွားရောက်တွေ့ဆုံပြီး
ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြသည်။      အပြည့်အစုံ. . .


ရုံးထုတ်ရာတွင် မိသားစုဝင်များ ကြားနာခွင့်မရ၍ ၈၈ ကျောင်းသားများက တရားရုံးနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်မည် မဟုတ်
စစ်အစိုးရက ဖမ်းဆီးထားသည့် ၈၈ မျိုးဆက်ကျောင်းသားများက ၎င်းတို့အား အင်းစိန်ထောင်တွင်း သီးသန့် တရားရုံးတွင် ရုံးထုတ်စစ်ဆေးရာသို့ မိသားစုဝင်များကို လာရောက်ကြားနာခွင့်မပေးသဖြင့် တရားရုံးနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက် ခြင်းမပြုနိုင်ဟု ပြောကြား ကြောင်းသိရသည်။ . . .အပြည့်အစုံ

ရွှေဝါရောင် တော်လှန်ရေး ခေါင်းဆောင်သံဃာတပါး ရဲဘက်စခန်းက ထွက်ပြေး
လွတ်မြောက်

                                   အရှင်ပညာသီရိ
အင်တာနက်ကဖေးတွင် အဖမ်းခံခဲ့ရသည့်သံဃာ အလုပ်ကြမ်းစခန်းမှ ထွက်ပြေးလွတ်မြောက်
စက်တင်ဘာ ၃၀၊ ၂၀၀၈

ပြီးခဲ့သော ၂၀၀၇-ခုနှစ်၊ စက်တင်ဘာ၊ ရွှေဝါရောင် တော်လှန်ရေး ကာလမှာ ခေါင်းဆောင်
သံဃာတော်တစ်ပါးအဖြစ် ပါဝင် အကျိုးပြုခဲ့တဲ့ ရဟန်းတော်တစ်ပါးဟာ မကြာသေးခင်
ကာလက အလုပ်သမား အကျဉ်းစခန်းကနေ ထွက်ပြေး လွတ်မြောက်လာခဲ့ပါတယ်။
 အပြည့်အစုံ. . .


ရန်ကုန်မြို့တွင်း လုံခြုံရေးတင်းကျပ်စွာချထားမှုကြောင့် လိုင်းကားပိုင်ရှင်များ ၀င်
ငွေကျဆင်း

 ၁ အောက်တိုဘာ ၂၀၀၈ ။         ။

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ အနှံ့အပြား လုံခြုံရေး တင်းကျပ်စွာ ချထားခြင်း၊ ခရီးသည်တင်
လိုင်းကားများပေါ်အထိ တက်ရောက်ရှာဖွေမှုများ ပြုလုပ်နေခြင်းကြောင့် ခရီးသည်ဦးရေ လျော့ကျ
သွားပြီး. . . .
အပြည့်အစုံ

မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု ရုတ်သိမ်းပေးရန် နအဖ
နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

၃၀ စက်တင်ဘာ ၂၀၀၈။        ။

မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ထားမှုများကို ရုတ်သိမ်းပေးရန် ကုလသမဂ္ဂ အထွေ
ထွေ   ညီလာခံ၌ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းကတောင်းဆိုလိုက်သည်။.
အပြည့်အစုံ


ရန်ကုန် မြို့တော်ခန်းမအား လုံခြုံရေးတင်းကျပ်

၂၉ စက်တင်ဘာ ၂၀၀၈။        ။ စီမံချက်တရပ်အနေဖြင့် ယနေ့မှစ၍ မြို့တော်ခန်းမအတွင်းသို့ မည်သည့်လက်ကိုင်အိတ်မျိုးမှ ယူဆောင်ခွင့်မပြုတော့ကြောင်း ခန်းမဧည့်အ၀င်ပေါက် တာဝန်ကျ
စည်ပင်ရဲများက ပြောသည်။ “ဒီ စီမံချက်ကို စတင်တာ မြို့တော်ခန်းမ လုံခြုံရေးအတွက်ပါ၊ မကြာ
မကြာ ဗုံးတွေ ပေါက်နေတဲ့အတွက် ခန်းမလုံခြုံရေးက
. . အပြည့်အစုံ

သံလွင်ရေကာတာစီမံကိန်း ဇီဝမျိုးစိတ် (၄၀၀)ခန့်ကို အန္တရာယ်ပြုနေ

၂၉ စက်တင်ဘာ ၂၀၀၈။        ။

သံလွင်ရေကာတာစီမံကိန်းသည် ကရင်ပြည်နယ်အတွင်းရှိ အပင်နှင့်သတ္တ၀ါ ဇီဝမျိုးစိတ်ပေါင်း
(၄၀၀) နီးပါးကို ခြိမ်းခြောက်အန္တရာယ်ပြုနေကြောင်း ကရင်သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေး
အဖွဲ့(KESAN)၏ အစီရင်ခံစာ၌ ဖော်ပြသည်။
. . အပြည့်အစုံ


ရန်ကုန် မြို့တော်ခန်းမအား လုံခြုံရေးတင်းကျပ်

NEJ/၂၉ စက်တင်ဘာ ၂၀၀၈။        ။

စီမံချက်တရပ်အနေဖြင့် ယနေ့မှစ၍ မြို့တော်ခန်းမအတွင်းသို့ မည်သည့်လက်ကိုင်အိတ်မျိုးမှ ယူဆောင်ခွင့်မပြုတော့ကြောင်း ခန်းမဧည့်အ၀င်ပေါက် တာဝန်ကျ စည်ပင်ရဲများက ပြောသည်။
အပြည့်အစုံ

စစ်အစိုးရကို တရားဝင်မှု ရုတ်သိမ်းရေး တောင်းဆိုချက် ကုလသမဂ္ဂ လက်မခံ
27 September 2008
ကုလသမဂ္ဂမှာ မြန်မာစစ်အစိုးရကို တရားဝင်ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုထားတာကို ရုတ်
သိမ်းပေးဖို့ မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်တွေက  တောင်းဆိုထားတာကို  ကုလသမဂ္ဂ
ဘက်က ငြင်းဆိုလိုက်ပါတယ်။

အပြည့်အစုံ


အဲန်အယ်လ်ဒီ အနှစ် (၂၀) ပြည့် အဖွဲ့ဝင်တချို့ အဖမ်းခံရ
27 September 2008

Security-20thAnniversaryofNLD09-27-08VOAburmese
အဲန်အယ်လ်ဒီ နှစ်ပတ်လည်နေ့တွင် လုံခြုံရေးများ စောင့်ကြပ်နေပုံ (စက်တင်ဘာ ၂၇၊ ၂၀၀၈၊ ဓါတ်ပုံ - ဗွီအိုအေ မြန်မာပိုင်း)




အဲန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်
ထောင်ခဲ့တဲ့ အနှစ် (၂၀) ပြည့် အထိမ်းအမှတ် အခမ်း
အနားကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေ တင်းတင်းကြပ်ကြပ်
ချထားတဲ့ကြားက အဲန်အယ်လ်ဒီအဖွဲ့ဝင်တွေ ကျင်းပခဲ့
ကြပါတယ်။ အဲန်အယ်လ်ဒီအဖွဲ့ဝင် တချို့ လည်း ဖမ်း
ဆီးခံခဲ့ရပါတယ်။ အပြည့်အစုံကို ထိုင်း အခြေစိုက်
သတင်းထောက် ဒေါ်အေးအေးမာက သတင်းပေးပို့
ထားပါတယ်။  
အပြည့်အစုံ. .




စစ်တွေ သံဃာတော်တွေ ငြိမ်းချမ်းစွာ မေတ္တာပို့ကြွချီ
27 September 2008
သံဃာတော်များရဲ့ မေတ္တာပို့ဆုတောင်းဆန္ဒပြတာကို စစ်တပ်က အကြမ်းဖက် နှိမ်နင်းခဲ့တဲ့ တနှစ်
ပြည့်တဲ့နေ့မှာ စစ်တွေမြို့ က သံဃာတော် အပါး ၁၀၀ ကျော် ဒီနေ့ မြို့ ထဲကို အသံတိပ် မေတ္တာပို့
ကြွချီပြီး ဆုတောင်း ချီတက်ခဲ့ကြပါတယ်။ အပြည့်အစုံ. . .


ဖွဲ့စည်းပုံ ပြန်လည်စမ်းစစ်ရေး ကြေညာချက် အန်န်အယ်လ်ဒီ မရုပ်သိမ်း
25 September 2008

စစ်အစိုးရ အတည်ပြုလိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်စမ်းစစ်တဲ့ ကော်မတီတရပ် ဖွဲ့
စည်းဖို့ အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုထားတဲ့ကြေညာချက်ကို ပြန်
လည်ရုပ်သိမ်းပေးဖို့. . .အပြည့်အစုံ


ဦးဝင်းတင်အား အန်အယ်လ်ဒီက ပါတီတာဝန် ဆက်ပေးမည် အန်အယ်လ်ဒီကထုတ်ပယ်ထားသူများပါ ပြန်ခေါ်ရန် ဦးဝင်းတင်တိုက်တွန်း

 ၂၄ စက်တင်ဘာ ၂၀၀၈။         ။

ယမန်နေ့က အကျဉ်းထောင်မှပြန်လွတ်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု
ဆောင်ကော် မတီဝင် သတင်းစာဆရာကြီး ဦးဝင်းတင်အား ၎င်း၏ မူလတာဝန်ကို. . . . . . . . .
အပြည့်အစုံ. . . .

လွှတ်တော်ခေါ်ယူ၍ ဖွဲ့စည်းပုံကို အတူ ပြန်သုံးသပ်ကြရန် စစ်အစိုးရကို
အန်အယ်လ်ဒီဖိတ်ခေါ်

ပီတာအောင်/၂၃ စက်တင်ဘာ ၂၀၀၈။        ။

ပြည်သူ့လွှတ်တော် အမြန်ဆုံးခေါ်ယူဖွဲ့စည်းပေးရန်နှင့် ထိုလွှတ်တော်က ဖွဲ့စည်းပုံ ပြန်လည်သုံး
သပ်ရေး ကော်မတီ ဖွဲ့စည်း ကာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအား ပြန်လည်သုံးသပ်
ရေး ဆောင်ရွက်ကြရန်  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) က  စစ်အစိုးရကို ယ
မန်နေ့က အထူးကြေညာချက်ထုတ်ပြန်၍ ကမ်းလှမ်းလိုက်သည်။ . . . အပြည့်အစုံ

တွေ့ဆုံဆွေးနွေးရေးလုပ်ရန် မြန်မာကို လုံခြုံရေးကောင်စီ ထပ်မံတောင်းဆို
ဖွယ်ရှိ

NEJ/ ၂၂ စက်တင်ဘာ ၂၀၀၈။        ။

မြန်မာကို အရေးယူမည့်အချက်များမပါရှိဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံုံ
ဆွေးနွေးရေး ထပ်မံ တောင်းဆိုမည့် လုံခြုံရေး ကောင်စီဥက္ကဋ္ဌ၏ ကြေညာချက်သာ ထွက်ရှိလာ
နိုင်ကြောင်း စက်တင်ဘာ (၁၀) ရက် ထုတ်ပြန် သည့် လုံခြုံရေးကောင်စီ အစီရင်ခံစာ၌ ခန့်မှန်း
ရေးသားထားသည်။. . .
အပြည့်အစုံ


ဇာဂနာလွတ်မြောက်ရေး လှုပ်ရှားဖို့ နိုင်ငံတကာ အနုပညာအသင်း ဆော်သြ
Zarganar

20 September 2008
 
ရှေ့ သီတင်းပတ်အတွင်း စက်တင်ဘာ၂၆ ရက်နေ့နေ့ခင်းပိုင်း ဗြိတိန်နိုင်ငံလန်ဒန်မြို့ထိုင်းသံရုံး
ရှေ့မှာ
လေဘေး ဒုက္ခသည်တွေကိုအကူအညီပေးရင်း  စစ် အစိုးရရဲ့ဖမ်းဆီးအကျဉ်းချ တာကို 
ခံခဲ့ရတဲ့  လူရွှင်တော် ဇာဂနာ  ပြန်လည်  လွတ်မြောက်ရေး   ဆန္ဒပြပွဲကို ဗြိတိန်နိုင်ငံအခြေစိုက်
်  International Committee for  Artist's Freedom  (ICAF)  ခေါ် နိုင်ငံတကာ  အနုပညာရှင်
တွေရဲ့ လွတ်လပ်ခွင့် လှုပ်ရှားရေးအဖွဲ့က ကျင်းပဖို့ စီစဉ်နေပါတယ်။အသေးစိတ်ကိုကိုသိန်းထိုက်
ဦးက တင်ပြထားပါတယ်။ 
. .အပြည့်အစုံ


ရန်ကုန်တွင် သံဃာ ၅ ပါးထက်ပို၍ စုဝေးခွင့်မရ
ကိုသက် | စက်တင်ဘာ ၂၀၊ ၂၀၀၈
ရန်ကုန်မြို့ရှိလမ်းမများတွင် သံဃာတော် ၄ … ၅ ပါးခန့်သွားလာနေလျှင် အာဏာပိုင်များနှင့်ကြံဖွံ့၊
စွမ်းအားရှင်များက  အချင်းချင်း စကားပြောစက် ဖြင့်ဆက်
သွယ်ကာ  အဆင့်ဆင့်အသိပေးစောင်
့ၾကည့္မႈမ်
ား ပြုလုပ်နေသကဲ့သို့ စုံစမ်းမေးမြန်းမှုများ  ပြုလုပ်လျက်ရှိသည်ဟု ရန်ကုန်ရှိ သံဃာ အ
သိုင်းအ၀န်းက ဆိုသည်။

စစ်တပ် အာဏာသိမ်း အနှစ် ၂၀ ပြည့်

19 September 2008 
မြန်မာ ပြည်သူ တရပ်လုံးက ဒီမိုကရေစီလိုလားတဲ့ အကြောင်း ၁၉၈၈ခုနှစ်က နိုင်ငံတ၀ှမ်း
လုံး ပြသခဲ့ကြတဲ့ လူထု ဆန္ဒပြပွဲတွေကို စစ်တပ်က အကြမ်းဖက် ဖြိုခွဲခဲ့ပြီး တိုင်းပြည်ကို
အာဏာသိမ်း အုပ်ချုပ်ခဲ့တာ စက်တင်ဘာလ ၁၈ ရက်နေ့ကဆိုရင် နှစ် ၂၀ ပြည့်လာခဲ့ပါပြီ။
. . . အပြည့်အစုံ. .


မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့် ကင်းမဲ့ 20/9/2008
မြန်မာ၊ တရုတ် နဲ့ မြောက်ကိုရီးယား နိုင်ငံတွေဟာ လွန်ခဲ့တဲ့နှစ်က ဘာသာရေး ဆိုင်ရာ
လွတ်လပ်ခွင့်တွေကို ချိုးဖောက်ခဲ့ကြတယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောဆို
လိုက်ပါတယ်။    
အပြည့်အစုံ
ပြည်ပ မြန်မာမီဒီယာ အင်တာနက်များ အတိုက်ခံရ

19 September 2008
 

သံဃာတော်တွေ ဦးဆောင်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေး တနှစ်ပြည့်တဲ့ နှစ်ပတ်လည်
အချိန်မှာ ပြည်ပက မြန်မာသတင်းမီဒီယာတွေ အတိုက်အခိုက် ခံနေရပါတယ်။
ဒီဗွီဘီခေါ် ဒီမိုကရက်တစ် မြန်မာ့အသံ၊ ဧရာဝတီမဂ္ဂဇင်း၊ ခေတ်ပြိုင်ဂျာနယ်

အင်တာနက်စာမျက်နှာတွေ အနှောင့်အယှက် ပေးခံနေရပါတယ်။
မြန်မာစစ်အစိုးရက လေ့ကျင့်ပေးထားတဲ့ ရုရှားနိုင်ငံရောက် စစ်ဗိုလ်တွေက တိုက်ခိုက်
တာလို့ သံသယဖြစ်နေကြပါတယ်။



ပုဂ္ဂလိက မီဒီယာတွေကို ဌာနဆိုင်ရာက သတင်းမပေး


19 September 2008

 

အစိုးရ၀န်ကြီးဌာနနဲ့ သက်ဆိုင်တဲ့သတင်းတွေကို ပုဂ္ဂလိက သတင်းစာနယ်ဇင်းတွေမှာ
ဖော်ပြရေးသားဖို့ ပြည်တွင်းသတင်းမီဒီယာသမားတွေ အခက်တွေ့နေတယ်လို့ သတင်း
မီဒီယာသမားတွေက ပြောပါတယ်။   
အပြည့်အစုံ
ရန်ကုန်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် အာဏာပိုင်တို့ ဆွေးနွေးမည်ဟု သတင်း
ပျံ့၊ လုံခြုံရေး တိုးမြှင့်ထား
သတင်း - မိုးမခ (စက်တင်ဘာ ၁၈၊ ၂၀၀၈)
ယနေ့ထုတ် ဂျာနယ်များ (မြန်မာတိုင်းမ်နှင့် ဘိုင်ဝိကလီး)တွင် မျက်နှာဖုံးနှင့် အချပ်ပိုများဖြင့်
ဒေါ်အောင်ဆန်းစု ကြည်နှင့် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ စက်တင်ဘာ ၁၉ နောက်
ပိုင်း တွေ့ကြမည်ဟု သတင်းလုပ် ထားသည်ကို တွေ့ရသည်။
      အပြည့်အစုံ


ဒေါ်စု လွတ်မြောက်ရေး Ingrid Betancourtကုလသမဂ္ဂညီလာခံကြီးမှာ
အလေးပေးပြောဆို

16 September 2008
 

Franco-Colombian politician and former hostage Ingrid Betancourt is seen after being awarded with the Legion d'Honneur medal, 14 Jul 08
မစ် အင်းဂရစ် ဘက်တန်ကုတ်
FARC ခေါ် လက်ဝဲကိုလံဘီယာသူပုန်တွေရဲ့
ပြန်ပေးစွဲမှုကို ခံခဲ့ရတဲ့ မစ် အင်းဂရစ်
ဘက်တန်ကုတ် (Ingrid Betancourt) က
မြန်မာဒီမိုကရေစီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်
လွတ်မြောက်ရေးအတွက် ကုလသမဂ္ဂညီလာခံကြီးမှာ
အလေးပေးပြောဆိုခဲ့တယ်လို့သိရှိရပါတယ်။ ဘာပဲပြော
ပြောဒီသတင်းဟာ မြန်မာပြည်သူတွေအတွက်အားပါပဲ



နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသော ဒေသအချို့မှ မြေယာများကို စစ်
အစိုးရက အဓမ္မသိမ်း

သွင်ဇော် / ၁၆ စက်တင်ဘာ ၂၀၀၈။       ။ ၂၀၀၈ ခု မေလအတွင်းက နာဂစ်မုန်တိုင်းဒဏ်
ဆိုးဆိုးဝါးဝါးခံခဲ့ရသော ရန်ကုန်တိုင်း ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များ အတွင်းရှိ ကျေးရွာ
ပိုင် ကျွဲနွား စားကျက်ဧက (၁) ထောင်ကျော်ကို ရာဘာစိုက်ပျိုးရန် ...အပြည့်အစုံ

ဆရာတော်ဦးဥတ္တမနှင့်ပတ်သက်သည့် ဘလော့သစ်
ဖတ်နိုင်ပြီ

မင်းနိုင်သူ / ၁၆ စက်တင်ဘာ ၂၀၀၈။        ။
အရှေ့တောင်အာရှအတွင်း လွတ်လပ်ရေးစိတ်ဓာတ် မျိုးစေ့ချပေးခဲ့သူ ဆရာတော်
ဦးဥတ္တမအား ဂုဏ်ပြုထားသည့် www.ottama.multiply.com ၀က်ဘ်ဆိုက်သစ်တ
ခုကို ဆရာတော်ဦးဥတ္တမ ကွယ်လွန်ခြင်း (၆၉) နှစ်ပြည့် စက်တင်ဘာ (၉) ရက်မှ
စတင်၍ အင်တာနက်ပေါ် တင်ထားပြီဖြစ်သည်။
       အပြည့်အစုံ


ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက်များကို စစ်အစိုးရလိုက်လျော

၁၃ စက်တင်ဘာ ၂၀၀၈။       ။
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် တားဆီးမိန့် အယူခံဝင်နိုင်ရေးကိစ္စမှ
လွဲ၍ နေအိမ် အကျယ်ချုပ် ကျခံနေရသူတဦး ရသင့်သည့် အခွင့်အရေးများ တောင်း
ဆိုထားမှုကို စစ်အစိုးရက လိုက်လျောလိုက်ပြီဖြစ်ကြောင်း....
.အပြည့်အစုံ. .

မြန်မာ့နိုင်ငံရေးတိုးတက်မှုမရှိသည့်အပေါ် ကုလသမဂ္ဂ စိတ်ပျက်

Agencies / ၁၂ စက်တင်ဘာ ၂၀၀၈။        ။ မြန်မာနိုင်ငံ၌ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု
မျှော်မှန်းထားသည့်အတိုင်း ဖြစ်မလာသေးသဖြင့် စိတ်ပျက်မိကြောင်း ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကုလသမဂ္ဂဌာနချုပ်တွင် ယမန်နေ့က ကျင်းပသည်
့ သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။ မြန်မာစစ်အစိုးရအနေဖြင့် အများယုံကြည်လက်ခံပြီး ..
.
အပြည့်အစုံ...


စက်တင်ဘာအရေးအခင်းကြောင့် သရက်ထောင်၌ အဖမ်းခံနေရသူများ ထောင်ဒဏ်(၂)နှစ်မှ(၉)နှစ်ထိ ချမှတ်ခြင်းခံရ

 

၁၁ စက်တင်ဘာ ၂၀၀၈။       ။ ယမန်နှစ် စက်တင်ဘာအရေးအခင်းကာလက မကွေးတိုင်း
၌ ဖမ်းဆီးခံခဲ့ရသူများကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေမှု အပါအ၀င် စွဲချက်များဖြင်
့ ယနေ့ နံနက်က သရက်ထောင်တွင်း တရားရုံး၌ ထောင်ဒဏ်များ အသီးသီး ချမှတ်လိုက်ကြောင်း
အပြည့်အစုံ. .


တွံတေးဈေးကြီးမီးလောင်၊ သိန်းထောင်ချီ ဆုံးရှုံးမည်မှန်း
၁၁ စက်တင်ဘာ ၂၀၀၈။         ။
ရန်ကုန်တိုင်း တွံတွေးမြို့ ဈေးသစ်ရပ်ကွက်ရှိ မြို့မဈေးကြီးတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး
ဆိုင်ခန်းပေါင်း (၂၄၅) ခန်း မီးထဲပါသွားသည်ဟု တွံတေးမြို့နယ် စည်ပင်သာယာရေးရုံးမှ
တာဝန်ရှိသူတဦးက ပြောသည်။   
အပြည့်အစုံ...

 


မြန်မာသင်္ဘောသား (၁၃) ဦး ဆိုမာလီးယား၌ ပြန်ပေးဆွဲခံရ

 

၁၁ စက်တင်ဘာ ၂၀၀၈။        ။ တောင်ကိုရီးယားပိုင် ကုန်တင်သင်္ဘောတစီးကို
အာဖရိကတိုက် ဆိုမာလီးယားကမ်းရိုးတမ်းရှိ ပင်လယ်ဓားပြ များက သိမ်းယူရာတွင်
မြန်မာသင်္ဘောသား (၁၃) ဦး ပြန်ပေးဆွဲခံခဲ့ရသည်ဟု... အပြည့်အစုံ. .


ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ပိုမို လုပ်ဆောင်ဖို့ Betancourt
က တိုက်တွန်း
                          10 September 2008

 

 

ဘီတန်ကုတ် နဲ့ ဘန်ကီမွန်း ကုလသမဂ္ဂရုံးချုပ်တွင် သတင်းစာရှင်းလင်းပွဲ  ပြုလုပ်စဉ်၊အင်္ဂါ စက်တင်ဘာ ၂၀၀၈။ (အေပီ)
ဘတ်တန်ကုတ် နဲ့ ဘန်ကီမွန်း ကုလသမဂ္ဂရုံးချုပ်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ်
အင်္ဂါ စက်တင်ဘာ ၂၀၀၈။ (အေပီ)

ထိန်းသိမ်းခံ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး
အတွက် ကုလသမဂ္ဂနဲ့တကွ နိုင်ငံတကာ
အသိုင်းအ၀ိုင်းက ဒီထက်ပို လုပ်ဆောင်ဖို့
တချိန်က ကိုလံဘီယာ သူပုန်တွေရဲ့ ဓားစာခံ
အဖြစ် ဖမ်းဆီးခံခဲ့ရသူ အင်းဂရစ် ဘတ်တန်
ကုတ် က ပြောဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အခုအချိန်အထိ
လွတ်မြောက် မလာနိုင် သေးတာဟာလည်း
ဒီလို ကြိုးပမ်းလုပ်ဆောင်ဖို့ လိုနေတယ်.... .
အပြည့်အစုံ


နအဖစစ်အုပ်စု မြန်မာလူထုကို ကိုယ်စားမပြုကြောင်း ကုလသမဂ္ဂ၌
မြန်မာအမတ်များ တင်သွင်း

၁၀ စက်တင်ဘာ ၂၀၀၈။       ။ နအဖစစ်အစိုးရနှင့် စစ်အစိုးရ၏ ကိုယ်စားလှယ်သည်
 မြန်မာနိုင်ငံနှင့် မြန်မာပြည်သူလူထုကို ကိုယ်စား မပြုကြောင်း  အပြည့်အစုံ..

 


မြို့နယ်ရဲတပ်ဖွဲ့က မှုခင်းသတင်းထုတ်ပြန်မှုများ ရပ်ဆိုင်း

၁၀ စက်တင်ဘာ ၂၀၀၈။       ။
မှုခင်းသတင်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့စခန်းများမှ သတင်းထုတ်
ပြန်ပေးမှုများကို စက်တင်ဘာလဆန်းပိုင်းမှစပြီး ရပ်ဆိုင်းလိုက်ကြောင်း..
. အပြည့်အစုံ


ဘတ်စ်ကား ပေါက်ကွဲမီးလောင်မှု (၃) ဦးဒဏ်ရာရ

၁၀ စက်တင်ဘာ ၂၀၀၈။        ။ ယမန်နေ့နံနက်ပိုင်းက ကမာရွတ်မြို့နယ် လှည်းတန်းမီးပွိုင့်
အနီး ပြည်လမ်းတွင် ဖြစ်ပွားခဲ့သည့် မထသ (၄၅) ဖူဆိုအဲယားကွန်း ဘတ်စ်ကားတစီးပေါက်ကွဲ
မီးလောင် မှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည် (၃) ဦး ဒဏ်ရာရရှိသွားကြောင်း ...အပြည့်အစုံ..


ထိုင်းဝန်ကြီးချုပ် နှုတ်ထွက်ရန် တရားရုံး ဆုံးဖြတ်
Anti-government protesters celebrate at Government House as they hear the announcement that Thai Prime Minister Samak Sundaravej had lost a crucial court case Tuesday, Sept. 9, 2008.AP
တရားရုံးဆုံးဖြတ်ချက်ကြောင့် ပျော်မြူးနေ ကြသော ထိုင်းအစိုးရ ဆန့်ကျင်ဆန္ဒပြသူများ။
စက်တင်ဘာ ၉၊ ၂၀၀၈။
ထိုင်းဝန်ကြီးချုပ် ဆမတ် ဆွန်ထရာဝေး
(Samak Sundaravej) အနေနဲ့ ရုပ်မြင်
သံကြားကနေ သူကိုယ်တိုင် အစား
အသောက်တွေ ချက်ပြုတ်ပြသခဲ့တာတွေက
ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို
ချိုးဖောက်တာဆိုပြီး ၀န်ကြီးချုပ်ရာထူးက
နှုတ်ထွက်ပေးဖို့ ထိုင်း ဖွဲ့စည်းပုံအခြေခံ
ဥပဒေဆိုင်ရာ တရားရုံးက ဆုံးဖြတ်လိုက်ပါ

တယ်။  အပြည့်အစုံကိုသတင်းတွင်ဖတ်ပါ။
09 September 2008


အပြည့်အစုံ....

 


ပြည်လမ်းမပေါ်တွင် ဘတ်စ်ကားတစီးပေါက်ကွဲမှုဖြစ်ပွား
၉ စက်တင်ဘာ ၂၀၀၈။       ။

ယနေ့နံနက် (၁၁) နာရီခန့်တွင် အမှတ် (၄၅) လိုင်းမှ ဘတ်စ်ကားတစီး ပြည်လမ်းမပေါ်
လှည်းတန်းမီးပွိုင့်နားအရောက်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ အပြည့်အစုံ..

 


ကုလသမဂ္ဂမှာ စစ်အစိုးရ ကိုယ်စားပြုမှု တရားမ၀င်ကြောင်း ကန့်ကွက်
09 September 2008

Myanmar Foreign Minister Nyan Win addresses the 62nd session of the United Nations General Assembly at the United Nations Headquarters, Monday, Oct. 1, 2007.AP
ယမန်နှစ် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း မိန့်ခွန်းပြောကြားနေစဉ်။
အောက်တိုဘာ ၁၊ ၂၀၀၇။
ကုလသမဂ္ဂ အထွေထွေညီလာခံမှာ လက်ရှိ
မြန်မာစစ်အစိုးရက မြန်မာနိုင်ငံကို
ကိုယ်စားပြုနေတာဟာ တရားဝင်မှု မရှိဘူး
ဆိုပြီး အင်္ဂါနေ့မှာ တရားဝင်ကန့်ကွက်လွှာ
တင်သွင်းမယ်လို့ မြန်မာ့ဒီမိုကရေစီရေး
လှုပ်ရှားနေတဲ့အဖွဲ့တွေက ကြေညာလိုက်ပါ
တယ်။ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား
ကောင်စီ (NCUB) နဲ့ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်များအဖွဲ့ (MPU) တို့က
ဦးဆောင်ပြီး တင်သွင်းကြမှာပါ။ ဒီ့မတိုင်ခင်
ကတော့ ပြည်ထောင်စုမြန်မာနိုင်ငံ
အဝေးရောက် အမျိုးသားညွန့်ပေါင်းအစိုးရ

အပြည့်အစုံ...


ထိုင်းဝန်ကြီးချုပ် တရားစွဲခံရ
09 September 2008

 

Thailand Prime Minister Samak Sundaravej-Sept2,2008.AP
ထိုင်းဝန်ကြီးချုပ် ဆမတ် ဆွန်ထရာဝေး။
စက်တင်ဘာ ၂၊ ၂၀၀၈။
တဖက်က ၀န်ကြီးချုပ်လုပ်နေပြီး တဖက်က
ရုပ်မြင်သံကြားရဲ့ ချက်ပြုတ်ရေး အစီအစဉ်မှာ
သွားပြီးပါဝင်နေလို့ မူလအလုပ်ကို ထိခိုက်
စေနိုင်တယ်ဆိုတဲ့ စွဲချက်နဲ့ ထိုင်းဝန်ကြီးချုပ်
ရုံးတင်ခံနေရပါတယ်။

ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံတော်ဖွဲ့စည်းပုံ
ဥပဒေရေးရာရုံးတော်မှာ ၀န်ကြီးချုပ် ဆမတ်
ဆွန်ထရာဝေး (Samak Sundaravej) က
သူ့ကို အဲဒီကုမ္ပဏီက ပါဝင်ဖို့ ငှားရမ်းခြင်း
်အပြည့်အစုံ...


ကြံ့ဖွံ့ရုံးဗုံးခွဲမှု လူ့အခွင့်အရေးလှုပ်ရှားသူနှင့် အန်အယ်လ်ဒီကို စစ်အစိုးရ
စွပ်စွဲ စွပ်စွဲခံရသူများငြင်းဆို

ပီတာအောင်/ ၈ စက်တင်ဘာ ၂၀၀၈။         ။

လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ ကွန်ရက် (HRDP) အဖွဲ့ခေါင်းဆောင် ဦးမြင့်
အေးနှင့်အန်အယ်လ်ဒီအဖွဲ့ဝင် (၂) ဦးတို့အား ရွှေပြည်သာကြံ့ဖွံ့ရုံးဗုံးဖောက်ခွဲမှု ကျူးလွန်
သူအဖြစ် စစ်အစိုးရက စွပ်စွဲခဲ့သည်ကို မဟုတ်မမှန်ကြောင်း စွပ်စွဲခံရသူတို့ဘက်က ပြန်
လည်ငြင်းဆိုသည်။
အပြည့်အစုံ....


ရန်ကုန်မြို့မှ ၀တ်ကောင်းစားလှဝတ် သူတောင်းစားများ
September 8th, 2008, Moe Moe
ရန်ကုန်မြို့တွင် အလုပ်အကိုင်ရှားပါးခြင်းနှင့်ငွေကြေးဖောင်းပွမှုများကြောင့်သူတောင်းစားမဟုတ်ဘ
ဲ ၀တ်ကောင်းစားလှဖြင့် တောင်းရမ်း သူများ များပြားလာသည်။ ယခုနောက်ပိုင်းတွင် တောင်းရမ်း
သူများကိုအစိုးရက ဖမ်းဆီးအရေးယူလျက်ရှိခြင်းကြောင့်... အပြည့်အစုံ...

ဒေါ်စုနှင့် အတူနေသူတဦး ဆေးရုံတင်ထားရ
ကိုစိုး | စက်တင်ဘာ ၆ ၊ ၂၀၀၈
အကျယ်ချုပ်ကျခံနေရသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏
နေအိမ်တွင် အတူနေ၍ ကူညီလုပ်ကိုင်ပေးနေသည့် ဒေါ်ခင်ခင်ဝင်း၏ သမီးဖြစ်သူသည်
ယနေ့တွင် အရေးပေါ်ဆေးကုသမှု ခံယူရကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
(အန်အယ်လ်ဒီ)က ပြောသည်။
အပြည့်အစုံ...

 


မျိုးဆက်သစ်လူငယ်များအစည်းအရုံးအဖွဲ့ဝင်တဦးကို စစ်အစိုးရဖမ်းဆီး
ရိုးမ ၃။ စက်တင်ဘာ ၄၊ ၂၀၀၈
စက်တင်ဘာသံဃာလှုပ်ရှားမှု တနှစ်ပြည့်အချိန်နီးကပ်လာသည်နှင့် အမျှ နိုင်ငံရေးလှုပ်ရှား
တက်ကြွသူများကို စစ်အစိုးက ဖမ်းဆီးလျှက် ရှိရာ မျိုးဆက်သစ်လူငယ်များ အစည်းအရုံး
(GW)မှ ....                    
အပြည့်အစုံသို့


ရန်ကုန်တွင် ရခိုင်နယ်သားများကို လိုက်လံရှာဖွေ
ဗထူး။ စက်တင်ဘာ ၅၊ ၂၀၀၈

ဘုန်းကြီးကျောင်းတွေမှာစာရင်းကောက်တယ်၊ ရခိုင်တိုင်းရင်းသားတွေ ဘယ်အိမ်မှာ
တည်းခိုလဲ ဆိုတာမေးတယ်၊ ရယက၊  နယ်မြေခံရဲနဲ့ ရဲသတင်းအထူးတပ်ဖွဲ့ (SB) တွေလည်း .
..
အပြည့်အစုံသို့


နအဖ၀န်ကြီးနှင့်မတွေ့ဘဲ ဒေါ်အောင်ဆန်းစုကြည် ဆန္ဒဆက်ပြ
၅ စက်တင်ဘာ ၂၀၀၈။       ။

ဒေါ်အောင်ဆန်းစုကြည်က အကျယ်ချုပ်ကျခံနေရသူတဦး ရသင့်သည့် မူလရပိုင်ခွင့်များရရှိရန်
တောင်းဆိုနေမှု မပြီးပြတ်သေးသဖြင့် ဆက်ဆံရေးဝန်ကြီးဦးအောင်ကြည်၊ မိသားစုဆရာဝန်
ဒေါက်တာတင်မျိုးဝင်းတို့နှင့် မတွေ့ဆုံခြင်းဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးကြည်ဝင်းက

  အပြည့်အစုံ. . . .


မစ္စတာ ဂမ်ဘာရီကို ကုလထောက်ခံ မြန်မာ့အရေးဆက်လုပ်သွားမည
်ဟုအထွေထွေညီလာခံဥက္ကဋ္ဌပြော

UN/ ၅ စက်တင်ဘာ ၂၀၀၈။        ။

မြန်မာနိုင်ငံ၌ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေးတို့အတွက်ကုလသမဂ္ဂက မစ္စတာအီဘရာဟင်ဂမ်ဘာရီ၏အားထုတ်မှုကိုဆက်လက်ထောက်ခံလိုက်ပြီး မြန်မာ့အရေး
ဆက်လက်ဆောင်ရွက်သွားမည်ဟု
အပြည့်အစုံ. . 


သန်လျင်ဘုန်းကြီးကျောင်းကိုဝင်ရောက်စီးနင်း၊ ကျောင်းထိုင်ဆရာတော်ကိုဖမ်း
၅ စက်တင်ဘာ ၂၀၀၈။        ။
ရန်ကုန်တိုင်း သန်လျင်မြို့နယ်ရှိ မာလာရုံကျောင်းတိုက်ကို ယနေ့နံနက် အစောပိုင်း (၂)
နာရီခန့်၌ အာဏာပိုင်များက ၀င်ရောက်စီးနင်းပြီး ကျောင်းထိုင်ဆရာတော် ဦးသီလ၀ံသ
သက်တော် (၅၈) နှစ်ကို ဖမ်းဆီး သွားသည်ဟု
အပြည့်အစုံ. . .


တရားခွင် လူထုအတွက် ဖွင့်ပေးဖို့ မင်းကိုနိုင်တို့အဖွဲ့ တောင်းဆို

ထိန်းသိမ်းခံထားရတဲ့ ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်
တွေက သူတို့အပေါ်စွဲဆိုထားတဲ့ ပြစ်မှုတွေအရ တရားခွင်မှာ စစ်ဆေးတဲ့အခါ စိတ်ပါ

ဝင်စားတဲ့ ဘယ်သူ့ကိုမဆို တရားခွင်မှာ လာနားထောင်နိုင်အောင်

အပြည့်အစုံ. . . .


ဒေါ်စု ဒန်ဒီ လွတ်မြောက်ရေးဆုရ
နေအိမ်မှာ အကျယ်ချုပ်နဲ့ အထိန်းသိမ်းခံနေရတဲ့မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိသျှနိုင်ငံ စကောတလန်နယ် ဒန်းတီးမြို့ ကောင်စီ
ကနေ Dundee Freedom Award လွတ်မြောက်ရေးဆိုင်ရာ ဆု ချီးမြင့် လိုက်ပါ တယ်။

အပြည့်အစုံ.....


စစ်အစိုးရ လမ်းပြမြေပုံမှလွဲ၍ ရွေးချယ်စရာမရှိဟု အန်အယ်လ်ဒီ
အမတ်ဟောင်းမောင်စူးစမ်းပြော

၉၀ ရွေးကောက်ပွဲအနိုင်ရ အင်န်အယ်ဒီက စစ်အစိုးရ၏ ၂၀၀၈ အခြေခံဥပဒေနှင့်
၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနိုင်ကြောင်း ကြေညာချိန်တွင် ပါတီဗဟိုအမှု
ဆောင်ဟောင်း သက်ကြီး စာရေးဆရာကြီး မောင်စူးစမ်းက စစ်အစိုးရလမ်း
ကြောင်းကို လက်ခံကြောင်း စာရေး။
အပြည့်အစုံ. . .


ခေတ်ဟောင်းအဆိုတော် ရုပ်ရှင်မင်းသမီးကြီး မေရှင် ကွယ်လွန်

 ၄ စက်တင်ဘာ ၂၀၀၈။       ။

ခေတ်ဟောင်းအဆိုတော်နှင့် ရုပ်ရှင်မင်းသမီးကြီး ဒေါ်မေရှင် အသက် (၉၃) နှစ်သည်
ယမန်နေ့ ည (၁၁) နာရီခွဲခန့်က လူကြီးရောဂါဖြင့် မန္တလေးမြို့၌ ကွယ်လွန်သွားကြောင်း
မိသားစုထံမှ သိရသည်။

အပြည့်အစုံ. . .


မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တိုးထုတ်ဆဲ

17 September 2008
 
ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါး အဓိကထုတ်လုပ်တဲ့ နိုင်ငံများစာရင်းထဲ ဒီနှစ်လည်း
မြန်မာနိုင်ငံ ပါဝင်နေဆဲပဲ ရှိပါတယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာ
သဘောတူညီချက်တွေအရ လုပ်ဆောင်ရမှာတွေကို ပြီးခဲ့တဲ့ ၁၂ လတာကာလအတွင်း

အပြည့်အစုံ. .

မစ္စတာ ဂမ်ဘာရီကို ကုလထောက်ခံ မြန်မာ့အရေးဆက်လုပ်သွားမည်ဟု
အထွေထွေညီလာခံဥက္ကဋ္ဌပြော

UN/ ၅ စက်တင်ဘာ ၂၀၀၈။        ။

မြန်မာနိုင်ငံ၌ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေးတို့အတွက်ကုလသမဂ္ဂက မစ္စတာအီဘရာဟင်ဂမ်ဘာရီ၏အားထုတ်မှုကိုဆက်လက်ထောက်ခံလိုက်ပြီး မြန်မာ့အရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု
အပြည့်အစုံ. . 


သန်လျင်ဘုန်းကြီးကျောင်းကိုဝင်ရောက်စီးနင်း၊ ကျောင်းထိုင်ဆရာတော်ကိုဖမ်း
၅ စက်တင်ဘာ ၂၀၀၈။        ။
ရန်ကုန်တိုင်း သန်လျင်မြို့နယ်ရှိ မာလာရုံကျောင်းတိုက်ကို ယနေ့နံနက် အစောပိုင်း (၂) နာရီ
ခန့်၌ အာဏာပိုင်များက ၀င်ရောက်စီးနင်းပြီး ကျောင်းထိုင်ဆရာတော် ဦးသီလ၀ံသ သက်တော်
(၅၈) နှစ်ကို ဖမ်းဆီး သွားသည်ဟု
အပြည့်အစုံ. . .


တရားခွင် လူထုအတွက် ဖွင့်ပေးဖို့ မင်းကိုနိုင်တို့အဖွဲ့ တောင်းဆို

ထိန်းသိမ်းခံထားရတဲ့ ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်
တွေက သူတို့အပေါ်စွဲဆိုထားတဲ့ ပြစ်မှုတွေအရ တရားခွင်မှာ စစ်ဆေးတဲ့အခါ စိတ်ပါ
ဝင်စား
တဲ့ ဘယ်သူ့ကိုမဆို တရားခွင်မှာ လာနားထောင်နိုင်အောင်

 အပြည့်အစုံ. . . .


ဒေါ်စု ဒန်ဒီ လွတ်မြောက်ရေးဆုရ
နေအိမ်မှာ အကျယ်ချုပ်နဲ့ အထိန်းသိမ်းခံနေရတဲ့မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိသျှနိုင်ငံ စကောတလန်နယ် ဒန်းတီးမြို့ ကောင်စီ ကနေ
Dundee
Freedom Award လွတ်မြောက်ရေးဆိုင်ရာ ဆု ချီးမြင့် လိုက်ပါ တယ်။

အပြည့်အစုံ.....


စစ်အစိုးရ လမ်းပြမြေပုံမှလွဲ၍ ရွေးချယ်စရာမရှိဟု အန်အယ်လ်ဒီအမတ်
ဟောင်းမောင်စူးစမ်းပြော

၉၀ ရွေးကောက်ပွဲအနိုင်ရ အင်န်အယ်ဒီက စစ်အစိုးရ၏ ၂၀၀၈ အခြေခံဥပဒေနှင့်
၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနိုင်ကြောင်း ကြေညာချိန်တွင် ပါတီဗဟိုအမှု
ဆောင်ဟောင်း သက်ကြီး စာရေးဆရာကြီး မောင်စူးစမ်းက စစ်အစိုးရလမ်း
ကြောင်းကို လက်ခံကြောင်း စာရေး။
အပြည့်အစုံ. . .


၈၈ ခေါင်းဆောင်များကိုဒီနေ့ ရုံးထုတ်
ရန်ကုန်

စက်တင်ဘာ ၂ ရက်
ဒီနေ မနက် ၈၈ ကျောင်းသားခေါင်းဆောင်တွေကို အင်စိန်အထူးတရားရုံး မှ ရုံးထုတ်လာပြီဖြစ်ပါတယ်။
ရုံးထုတ်လာတဲ့ကျောင်းသားခေါင်းဆောင်များမှာ မင်းကိုနိင်၊ ကိုဂျင်မီ ၊ကိုကိုကြီး ၊ကိုမင်းဇေယျ ၊
ကိုလှမျိုးနောင်ကို ဌေးကြွယ် ၊ကိုပန်တိတ်ထွန်း၊ ကိုမြအေး နဲ့ မမီးမီး တို့ အပါအ၀င် ကျောင်းသားပေါင်း
၃၀ ခန့် ရှိတယ်။အားလုံးကိုလက်ထိပ်ခတ်ထားတယ်။ သူတို့ က လက်ထိပ်ခတ်ရင် မထွက်ဘူးလို့ 
အခြေအတင်ဖြစ်ရတယ်။ နောက်ပိုင်းမှာ သူတို့ တောင်းဆိုချက်ကို ထောင်အာဏာပိုင်)
သူတို့တွေကိုချက်ချင်းလွှတ်
 
ဆရာကြီးအမှတ်တရ
 
သူ့မှာတမ်း သူတို့အဆုတ်၊ထားခဲ့မြှုတ်သည့် ဗုံးငုတ်တိုက်မှား၊မောင်ပြောက်ကျားကို ရွာသားရွာသူမေးကြမြူသည် အူအူယမ်းငွေ့ထတုန်းတည်း။ အမောင်ပြောက်ကြား၊ ချစ်သူအားကို ဘာများမှာခဲ့လိုသနည်း။ ငယ်ကကြင်မြတ် မိသတ်မှတ်ကို ခွင့်လွှတ်ခဲ့ကြောင်းပြာပါလေ။ အမောင်ပြောက်ကျား မိဘအားကို ဘာများမှာခဲ့လိုသနည်း။ မွေးသည့်မိခင် မွေဖခင်ကို ဦးတင်ခဲ့ကြောင်းပြောပါလေ။ အမောင်ပြောက်ကျားတိုင်းပြည်အားကို ဘာများမှာခဲ့လိုသနည်း။ ခရီးမတ်တတ် လမ်းခုလတ်တွင် ကိုယ်လွတ်ရှောင်ခွာ ခွဲရပါ၍ အားနာခဲ့ကြောင်းပြောပါလေ။ ယမ်းငွေ့အူအူ တလူလူနှင့်မေးမြူကြတုန်း အနောက်ကုန်းတွင် နေလုံးကွယ်လေပြိတကား။ မင်းသုဝဏ်


၈၈အရေးတော်ပုံကြီး၏ပုံရိပ်များ - ဖျောက်ဖျက်မရပါ

တိုင်းတပါးကျွန် စစ်တပ်ကျွန်nဘယ်ကျွန်မှမခံ

ဒေါင်းအလံဟေ့ ... ကျောင်းနံရံတ၀ိုက်

ဒေါင်းအလံပြန်စိုက်မယ်

ဒေါင်းအလံပြန်စိုက်မယ်

မင်းကိုနိုင်


Buffalo မြို့မှဒေါ်အောင်ဆန်းစုကြည်ဆုတောင်းပွဲ

ချက်ချင်ရင်ဒီမှာရှိနေတယ်
နိုင်ငံရေးအကျဉ်းသားတစ်ဦးအတွက်
 
ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံ ရေးအကျဉ်းသားအားလုံးကြားပါစေသား သိပါစေသား၊ အများအတွက်၊ တိုင်းပြည် အတွက်၊ ကိုယ်ကျိုးစွန့်၍၊ အနစ်နာခံ၍ နိုင်ငံရေးလုပ်ခြင်း၊ မိမိယုံကြည်ချက်အ တွက်အကျဉ်းထောင်များ၌၊ နေအိမ်များ၌ မတရားဖမ်းဆီးခံနေရသော သူရဲကောင်း အပေါင်းအား ငါတို့ပြည်သူလူထုကြီးက ဦးညွတ်လိုက်ပါတယ်။ ဂုဏ်ပြုလိုက်ပါ တယ်။ သင်တို့ရဲ့စွန့်လွှတ်မှုများကို ငါတို့ အတုယူရင်း သင်တို့ရဲ့ လုပ်ဆောင်မှုများ အတိုင်း ငါတို့လည်း ပေးဆပ်ဖို့ အဆင် သင့် ရှိနေပါပြီ။ မင်းကိုနိုင်

ရွှေဝါရောင်တော်လှန်ရေးရဲ့မြင်ကွင်းများ
ရွှေဝါရောင်တော်လှန်ရေးမှာသွေးမြေကျခဲ့ရတဲ့ ရဟန်း၊ - သံဃာ၊ ပြည်သူအပေါင်းအားဦးညွတ်လျှက်

ဝက်ဆိုဒ်အသစ်ကိုပြုလုပ်ထားပါသည် ၀င်ရောက်အားပေးကြပါ။ံ့http://narathein.ibloger.org http://www.webnarathein.tk
အကျဉ်းထောင်` ရက်စက်သည့်ပုံစံ
 

ရက်စက်ယုတ်မာသည့်လုပ်ရပ်များအား - ဆန့်ကျင်ကြ...ဆန့်ကျင်ကြ...ဆန့်ကျင်ကြ



လူထုအသံ
Grazr




နိုင်ငံရေးသီချင်းများ

လာရောက်လည်ပတ်သူများ
 



ပြက္ခဒိန်အားကြည့်ရှုနိုင်ပါသည်





 
n
အောင်မိုး
ဖန်တီးသူ
Dedign by
မိုးကြီး
This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free