ဟာသ
ဟာသ
  နေရာ ... စိတ္တဇဆေးရုံ>
ဆေးရုံအုပ်.... "မနက်ဖြန်က အရေးကြီးတဲ့နေ့ တစ်နေ့နော်။ ဘာလို့လဲ သိလား?
  နိုင်ငံတော် အကြီးအကဲ လာစစ်ဆေးလိမ့်မယ်။ လာစစ်ဆေးပြီး ငါက "အဟမ်း" လို့
  ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား..
  လက်ခုပ်တီးတဲ့လူကို အသားဟင်းကျွေးမယ်"

  နောက်တစ်နေ့ ....
  နိုင်ငံတော် အကြီးအကဲ လာရောက်စစ်ဆေးခဲ့သည်။ မိန့်ခွန်းပြောအပြီးတွင်
  ဆေးရုံအုပ်က ကြိုတင်မှာကြားထားသည့်အတိုင်း ချောင်းဟန့်လိုက်သည်နှင့်
  လူနာအားလုံး လက်ခုပ်တီးကြသည်။ ထိုအချိန်တွင် လူနာတစ်ယောက်က
  ရုတ်တရက်ရှေ့ထွက်ပြီး အကြီးအကဲကို ပါးတစ်ချက်ရိုက်လိုက်ပြီး
  ပြောလိုက်သည်မှာက "မင်းဘာလို့ လက်ခုပ်မတီးတာလဲ? အသားဟင်း
  မစားချင်ဘူးလားကွ" ဟူတည်း။

ဟာသ(၂)
လူတစ်ယောက်ဟာ နိုင်ငံတော်အကြီးအကဲကို "အသုံးမကျတဲ့လူ" လို့ ပြောလို့

အဖမ်းခံရသတဲ့။ ရုံးတင်စစ်ဆေးပြီးနောက် တရားသူကြီးက သူ့ကို ထောင်ဒဏ်
 ၁၀နှစ်နဲ့ ၆ရက် အမိန့်ချလိုက်တယ်။ ဘာဖြစ်လို့ ဒီလောက်ကြီးလေးတဲ့
 အပြစ်ကိုပေးရသလဲလို့ မေးတော့ တရားသူကြီးက " ပြစ်ဒဏ် ၆ရက်က
 နိုင်ငံတော်အကြီးအကဲကို စော်ကားတဲ့အတွက် ပြစ်ဒဏ် ၁၀နှစ်က
 နိုင်ငံတော်ရဲ့လျှို့ဝှက်ချက်ကိုဖော်ကောင်လုပ်တဲ့အတွက်" လို့
 ပြောလိုက်သတဲ့။

ဟာသ(၃)
တစ်ခါက နိုင်ငံတော် အကြီးအကဲ ခေါင်းဆောင်သုံးဦးဟာ ရဟတ်ယာဉ်စီးပြီး

  နိုင်ငံအခြေအနေကို လှည့်လည်ခဲ့တယ်။
  ပထမ အကြီးအကဲ " တကယ်လို့ အခုချိန်မှာ ငါသာ ငွေတစ်ထောင်တန်တစ်ရွက်
  ပစ်ချလိုက်ရင် ကောက်ရတဲ့လူက အရမ်းပျော်မှာပဲ"
  ဒုတိယ အကြီးအကဲ " တကယ်လို့ ငါသာ ၅၀၀တန်နှစ်ရွက် ပစ်ချလိုက်ရင်
  လူနှစ်ယောက်ပျော်ရမယ်"
  တတိယ အကြီးအကဲ "တကယ်လို့ ငါသာ ၁၀တန်ဆယ်ရွက် ပစ်ချလိုက်ရင် လူဆယ်ယောက်
   ပျော်ရမယ်"
  သူတို့အချင်းချင်း ပြောနေတဲ့ စကားကိုကြားတော့ လေယာဉ်မှုးက အခုလို
  ပြောလိုက်သတဲ့...
  "အကြီးအကဲတို့ သုံးဦးလုံးသာ ခုန်ချလိုက်ရင် နိုင်ငံမှာရှိတဲ့
  လူတွေအားလုံး ပျော်ကြမှာပဲ" ဟူတည်း။

ဟာသ(၄) 
တခါက အမေရိကန်သမ္မတရယ် ၊ တရုတ်သမ္မတရယ် ၊ ကျွန်တော်တို့ရဲ့ ဘဘကြီးရယ်
  ထာဝရဘုရား သခင်ကို သွားတွေ့ကြသတဲ့။
  ထာဝရဘုရားသခင်က သင်တို့သိလိုရာကို မေးကြပါဆိုတော့ တယောက်ပြီးတယောက်
  မေးကြတော့တာပေါ့။

  ပထမဆုံး အမေရိကန်သမ္မတက မေးတယ်။

  `ဘယ်တော့များမှ အမေရိကန်နိုင်ငံဟာ ကမ္ဘာကြီးတစ်ခုလုံးကို နိုင်ငံရေး ၊
  စစ်ရေးအရ ပြိုင်ဘက်မရှိ လွှမ်းမိုး နိုင်မှာလဲ´တဲ့။ ထာဝရဘုရားသခင်က
  ခေတ္တခန့်စဉ်းစားပြီး ပြန်ဖြေလိုက်တယ်။

  `ဖြစ်တော့ဖြစ်မယ်။ ဒါပေမယ့် မင်းမမှီတော့ဘူး´တဲ့ ။ အမေရိကန်သမ္မတလည်း
  ထာဝရဘုရားသခင် အဖြေ ကိုကြားပြီးနောက် ငိုပါလေရော။
  တရုပ်သမ္မတကလဲ ထာဝရဘုရားသခင်ကို `ဘယ်တော့များမှ တရုပ်ပြည်ဟာ
  ကမ္ဘာ့စီးပွားရေးတစ်ခုလုံးကို လွှမ်းမိုးနိုင်မှာလဲ´တဲ့။

  ထာဝရဘုရားသခင်က ခုနလိုပဲ ခနစဉ်းစားပြီး ပြန်ဖြေလိုက်တယ်။
  `ဖြစ်တော့ဖြစ်မယ်။ ဒါပေမယ့် မင်းမမှီ တော့ဘူး´တဲ့ ။ တရုပ်သမ္မတလဲ
  ငိုပြန်ပါလေရော။

  နောက်ဆုံး ကျူပ်တို့ရဲ့ ဘဘကြီးက အားကျမခံ ထာဝရဘုရားသခင်ကို မေးလိုက်တယ်။
  သူ့မေးခွန်း လဲကြားပြီးရော ထာဝရဘုရားသခင်က ငိုပါလေရော။ သူမေးတာက
  `ဘယ်တော့များမှ ကျွန်တော်တို့နိုင်ငံမှာ မီးတွေ ရေတွေ မှန်မှာလဲ´တဲ့။

  မျက်ရည်လည်ရွှဲကြားက ထာဝရဘုရားသခင်က ပြန်ဖြေလိုက်တယ်။

  `ဖြစ်တော့ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် ငါမမှီတော့ဘူးတဲ့´ .... ။

ဟာသ(၅)
တမလွန်ဘ၀မှာ ဂျော့ဘုခ်ျရယ် ၊ ကျွန်တော်တို့ဘဘကြီးရယ် ၊ ဗလာဒီမင်ပူတင်ရယ်
အတူတူတွေ့ပြီး လမ်းလျှောက်ထွက်ခဲ့ပါတယ်။ သူတို့တစ်နေရာ အရောက်
  လက်ဝါးကပ်တိုင်မှာ ကားစင်အတင်ခံထားရတဲ့ ယေရှုခရစ်တော်နဲ့ တွေ့ပါလေရော။
  အဲဒီမှာတော့ ဂျော့ဘုခ်ျက ယေရှုနားကို တိုးသွားပြီးတော့

  `အရှင် ၊ သားတော်အသက်ရှင်ခဲ့တဲ့ဘ၀မှာ သားတော်က ကံကောင်းခဲ့ပါသလား´
  လို့မေးလိုက်တယ်။
  ယေရှုက `အေး သားတော်ကံကောင်းပါတယ်။ မင်းက အကြမ်းဖက်သမားတွေကို
  နှိမ်နင်းနိုင်ခဲ့လို့ပဲ´ဆိုပြီ
  ပြန်ဖြေလိုက်တယ်။

  ပူတင်လဲ ယေရှုနားတိုးကပ်သွားပြီး `ကျွန်တော်မျိုးကော အသက်ရှင်စဉ်က
  ဘယ်လိုကံကောင်းခဲ့ပါသလဲ´လို့ မေးလိုက်ပြန်တယ်။ ယေရှုက `မင်းလဲ
  ကံကောင်းခဲ့တာပဲ ။ ဘာလို့လဲဆိုတော့ မင်းက တိုင်းပြည်ကို စိတ်တိုင်းကျ
  ပုံဖော်နိုင်ခဲ့လို့ပဲ´ဆိုပြီး ဖြေလိုက်ပါတယ်။

  နောက်ဆုံး ဘဘကြီးကလဲ အားကျမခံဘဲ ယေရှုနားသွားပြီး `ကျွန်တော်ရော ဘယ်လို
  ကံကောင်း ခဲ့ပါလဲ´လို့မေးလိုက်တယ်။ အဲဒီလို မေးလိုက်တဲ့ခဏမှာ
  ယေရှုရဲ့လက်နှစ်ဖက်လုံး လှုပ်သွားတယ်။ ဒါပေမယ့် ကားစင်တင်ခံထားရတာဆိုတော့
  ယေရှုက လှုပ်လို့မရဖြစ်နေတယ်။ ပြီးတော့ ဘဘကြီးကို အံကျိတ်ပြီးပြောလိုက်တယ်။

  `အေး .. ငါ့လက်နှစ်ဖက်လုံး လှုပ်မရတာ မင်းကံကောင်းတယ်မှတ်´ တဲ့။


သူတို့တွေကိုချက်ချင်းလွှတ်
 
ဆရာကြီးအမှတ်တရ
 
သူ့မှာတမ်း သူတို့အဆုတ်၊ထားခဲ့မြှုတ်သည့် ဗုံးငုတ်တိုက်မှား၊မောင်ပြောက်ကျားကို ရွာသားရွာသူမေးကြမြူသည် အူအူယမ်းငွေ့ထတုန်းတည်း။ အမောင်ပြောက်ကြား၊ ချစ်သူအားကို ဘာများမှာခဲ့လိုသနည်း။ ငယ်ကကြင်မြတ် မိသတ်မှတ်ကို ခွင့်လွှတ်ခဲ့ကြောင်းပြာပါလေ။ အမောင်ပြောက်ကျား မိဘအားကို ဘာများမှာခဲ့လိုသနည်း။ မွေးသည့်မိခင် မွေဖခင်ကို ဦးတင်ခဲ့ကြောင်းပြောပါလေ။ အမောင်ပြောက်ကျားတိုင်းပြည်အားကို ဘာများမှာခဲ့လိုသနည်း။ ခရီးမတ်တတ် လမ်းခုလတ်တွင် ကိုယ်လွတ်ရှောင်ခွာ ခွဲရပါ၍ အားနာခဲ့ကြောင်းပြောပါလေ။ ယမ်းငွေ့အူအူ တလူလူနှင့်မေးမြူကြတုန်း အနောက်ကုန်းတွင် နေလုံးကွယ်လေပြိတကား။ မင်းသုဝဏ်


၈၈အရေးတော်ပုံကြီး၏ပုံရိပ်များ - ဖျောက်ဖျက်မရပါ

တိုင်းတပါးကျွန် စစ်တပ်ကျွန်nဘယ်ကျွန်မှမခံ

ဒေါင်းအလံဟေ့ ... ကျောင်းနံရံတ၀ိုက်

ဒေါင်းအလံပြန်စိုက်မယ်

ဒေါင်းအလံပြန်စိုက်မယ်

မင်းကိုနိုင်


Buffalo မြို့မှဒေါ်အောင်ဆန်းစုကြည်ဆုတောင်းပွဲ

ချက်ချင်ရင်ဒီမှာရှိနေတယ်
နိုင်ငံရေးအကျဉ်းသားတစ်ဦးအတွက်
 
ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံ ရေးအကျဉ်းသားအားလုံးကြားပါစေသား သိပါစေသား၊ အများအတွက်၊ တိုင်းပြည် အတွက်၊ ကိုယ်ကျိုးစွန့်၍၊ အနစ်နာခံ၍ နိုင်ငံရေးလုပ်ခြင်း၊ မိမိယုံကြည်ချက်အ တွက်အကျဉ်းထောင်များ၌၊ နေအိမ်များ၌ မတရားဖမ်းဆီးခံနေရသော သူရဲကောင်း အပေါင်းအား ငါတို့ပြည်သူလူထုကြီးက ဦးညွတ်လိုက်ပါတယ်။ ဂုဏ်ပြုလိုက်ပါ တယ်။ သင်တို့ရဲ့စွန့်လွှတ်မှုများကို ငါတို့ အတုယူရင်း သင်တို့ရဲ့ လုပ်ဆောင်မှုများ အတိုင်း ငါတို့လည်း ပေးဆပ်ဖို့ အဆင် သင့် ရှိနေပါပြီ။ မင်းကိုနိုင်

ရွှေဝါရောင်တော်လှန်ရေးရဲ့မြင်ကွင်းများ
ရွှေဝါရောင်တော်လှန်ရေးမှာသွေးမြေကျခဲ့ရတဲ့ ရဟန်း၊ - သံဃာ၊ ပြည်သူအပေါင်းအားဦးညွတ်လျှက်

ဝက်ဆိုဒ်အသစ်ကိုပြုလုပ်ထားပါသည် ၀င်ရောက်အားပေးကြပါ။ံ့http://narathein.ibloger.org http://www.webnarathein.tk
အကျဉ်းထောင်` ရက်စက်သည့်ပုံစံ
 

ရက်စက်ယုတ်မာသည့်လုပ်ရပ်များအား - ဆန့်ကျင်ကြ...ဆန့်ကျင်ကြ...ဆန့်ကျင်ကြ



လူထုအသံ
Grazr




နိုင်ငံရေးသီချင်းများ

လာရောက်လည်ပတ်သူများ
 



ပြက္ခဒိန်အားကြည့်ရှုနိုင်ပါသည်





 
n
အောင်မိုး
ဖန်တီးသူ
Dedign by
မိုးကြီး
This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free