နိုင်ငံရေးသုံးသပ်ချက်

Comment ပေးတာ ဧရာဝတီ အယ်ဒီတာ့အာဘော်နဲ့ မကိုက်လို့နဲ့တူပါတယ်။ ထည့်မပေးလို့
88 groups
ကို ပို့ပေးလိုက်တာပါ။NLD က ၉၀ တုံးက တပြည်လုံးမှာ ၈၀ ရာခိုင်နှုန်းနဲ့ မဲနိုင်ခဲ့
တဲ့ပါတီ။ အစိုးရကို
ဦးဆောင် ဖွဲ့စည်းရမယ့် ပါတီပါ။ ဒါပေမယ့် NLD အပါအ၀င် အနိုင်ရပါတီ
အားလုံးက
ကိုယ့်ကိုယ်ကို အထင်ကြီးပြီး စစ်သား နိုင်ငံရေး မလုပ်တတ်ဘူးဆိုပြီး နိုင်ငံရေး
ပြသနာ၊ အာဏာပြသနာကို ကလေးကလား သွားလုပ်မိလိုက်ကြတော့
ဗိုလ်ချုပ်စောမောင်ဆီ
မှာ ဗြောင်အလိမ်ခံလိုက်ရပါတယ်။
ဘယ်ဖွဲ့စည်းပုံနဲ့ လွှတ်တော်ခေါ် အစိုးရ ဖွဲ့ပေးရမလဲ။ ဖွဲ့
စည်းပုံမှ မရှိတာ။
ရွေးကောက်ပွဲလုပ်တာ ငါတို့နဲ့ ပေါင်းပြီးဖွဲ့စည်းပုံဆွဲဖို့အတွက်ပဲဆိုတော့ 
အားလုံး ကယောက်ချောက်ခြား ဖြစ်သွားကြတယ်။ ရူးရူးမူးမူးနဲ့
reconciliation လား။ 
annihilation လားဆိုပြီး ကိုယ့်ရဲ့ နိုင်ငံရေးသြဇာ၊ စည်းရုံးရေး အင်အားနဲ့ အခြေခိုင်မှုကိုထည့်
မတွက်ဘဲ စစ်အုပ်စုနဲ့ ထိပ်တိုက်တိုးဖို့
ကြိုးစားခဲ့ကြတယ်။ နိုင်ငံရေးရော၊ စစ်ရေး (နယ်စပ်ဒေ
သမ)မှာပါ တဖြည်းဖြည်း
အရေးနိမ့်ခဲ့ရတော့ နောက်ဆုံး အဝေးရောက် အစိုးရလည်း
Washington DC
ထိ ရောက်သွားတယ်။ ရန်သူနဲ့ မစေ့စပ်တမ်း တိုက်မယ်ဆိုတဲ့ ကောက်ရိုးမီး
သူရဲကောင်းတွေလည်း နောက်ဆုံး တဖက်သက် အညံ့ခံရေးလမ်းကြောင်းကိုပဲ ဦးတည်သွား
ကြတယ်။ အတိုက်အခံတွေအနေနဲ့ ရန်သူ့အခြေအနေ၊ မိမိအခြေအနေ၊
ပြည်သူလူထုရဲ့ လိုက်
ပါနိုင်မှု၊ နိုင်ငံတကာ အနေအထားကို ခြုံငုံသုံးသပ်ပြီး
အားလုံး လိုက်ပါနိုင်မယ့် ဘုံလုပ်ငန်းစဉ်
တခုမဆွဲနိုင်ခဲ့ကြတာ
ဗမာတပြည်လုံးအတွက် ရင်နာစရာပါ။ လက်ဝဲကျွံပြီး မိုက်ရူးရဲဆန်ခဲ့ကြ
လို့
အခုလက်ယာကျွံပြီး အညံ့ခံထွက်ပြေးရေးလမ်းပေါ် ရောက်သွားကြတယ်လို့ ပြောရမယ်ထင်
ပါတယ်။
ဗမာပြည်မှာ ဒီမိုကရေစီ အနည်မထိုင်ခဲ့သလို ပါတီစုံစနစ်လည်း အသားမကျခဲ့ပါဘူး။
လွတ်လပ်ရေး နောက်ပိုင်း ဆင်နွှဲခဲ့ကြတဲ့ လူထုတိုက်ပွဲတွေမှာလည်း ဦးစီးဦးဆောင် ပါတီအဖွဲ့
အစည်းတွေရဲ့ ရေရှည် ခေါင်းဆောင်မှု
မခိုင်မြဲခဲ့လို့ နိုင်ငံရေးအရ အောင်မြေမချဲ့နိုင်ခဲ့ဘူး။ ၉၀
ရွေးကောက်ပွဲမှာ ပြည်သူတွေက ဒီမိုကရေစီဘက်တော်သားတွေကို မဲပုံပေးခဲ့တာ
သူတို့ရဲ့ လို
ပါးဆန်ဒကို အတတ်နိုင်ဆုံး ဖော်ပြခဲ့ကြတာပါ။ ပြည်သူ့ဆန်ဒကို
အကောင်အထည်ဖော်ပေးကြ
ဖို့က ဦးဆောင် ပါတီ အဖွဲ့အစည်းတွေရဲ့ တာဝန်ပါ။
အင်တာဗျူးတခုမှာ NLD အခု ဘာလုပ်နေ
သလဲမေးတော့ လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က လူထုတွေဘာလုပ်နေ
သလဲ ပြန်မေးချင်တယ်ဆိုပြီး
ပြန်ပက်လိုက်တော့ ပြည်သူတွေအတွက် တော်တော် စိတ်ထိခိုက်
စရာ ကောင်းပါတယ်။
ဗမာပြည်သူလူထုမှာ လူထု တိုက်ပွဲ အတွေ့ အကြုံရှိပါတယ်။ အာဏာဆို
တာ
သေနတ်ပြောင်းဝကလာတယ် (ယုတ်စွအဆုံး လတ်တလော အခြေအနေမှာ)ဆိုတဲ့
ကြောင်းကိုလည်း ကောင်းကောင်းသဘောပေါက်ကြပါတယ်။
ဦးတည်ချက်ခိုင်ခိုင်လုံလုံမရှိဘဲ၊
တောင်းဆိုချက် မပီပြင်ဘဲ၊ ဆုံးဖြတ်ချက် မခိုင်မာဘဲ နိုင်ငံရေးသမားတွေ တပွဲတိုး ဖော်ထုတ်ခဲ့ 
ကြတဲ့ တိုက်ပွဲတွေမှာ နဖူးတွေ့၊ ဒူးတွေ့ ရှေ့တန်းကနေ
အသက်ပေးလိုက်ရတာ၊ ဘ၀ပေးလိုက်
ရတာ ပြည်သူတွေပါ။ ဗမာပြည်သူလူထုအနေနဲ့
အာဏာရှင် ဆန့် ကျင်ရဲမှာ တက်တက်ကြွကြွ 
ပါဝင်ဖို့ ၀န်မလေးကြသလို၊ တဖက်ကလည်း
တိုက်ပွဲခေါ်နေတဲ့လူတွေ ဟန်ပါ့မလားဆိုတဲ့ သံသ
ယရှိနေတတ်တာကို
တိုင်းပြည်ခေါင်းဆောင်လောင်းတွေ အထူးသဘောပေါက်ထားဖို့ လိုပါလိမ့်
မယ်။
ရွှေဝါရောင် တော်လှန်ရေး အရှိန်မြင့်နေတဲ့အချိန်မှာ NLD က ပြောရေးဆိုခွင့်ရှိသူတွေက ဒါ
ကတော့ ထိပ်တိုက်တွေ့ဆုံမယ့် လမ်းကြောင်းပဲ။
NLDမှာ ပေါ်လစီမရှိဘူး။ မပါဝင်နိုင်ဘူးလို့ပြော
လိုက်တာကို ပြည်သူတွေအနေနဲ့
NLD ဘယ်လဲ။ ဘာလဲလို့ မေးရင် ဘယ်လိုပြန်ဖြေမလဲ။ ၉၀ ရွေး
ကောက်ပွဲမှာ
ယုံကြည်မှုများစွာနဲ့ မဲပေးခဲ့တဲ့ ပြည်သူတယောက်အနေနဲ့ဆိုရင်တော့ နိုင်ငံရေး
ခေါင်းဆောင်တွေ၊ အမတ်လောင်းတွေဆီမှာ ပြည်သူတွေ
သစ်စာဖောက်ခံရတယ်လို့ပဲ ခံစားမိပါ
တယ်။
ပါတီအဖွဲ့ အစည်းဆိုတာ လူထုကို အတွေးအခေါ်အရ၊ လုပ်နည်း၊ လုပ်ဟန်အရ လူထုကို
စနစ်တကျနဲ့
စံပြခေါင်းဆောင်ဖို့ ဖွဲ့ စည်းထားတာပါ။ ပါတီရပ်တည်ခွင့်ရဖို့အတွက် ဗိုလ်ချုပ်တွေ
အငြိုငြင်ခံလို့ မဖြစ်ဘူးလို့ သဘောထားကြတဲ့
ပါတီခေါင်းဆောင်တွေအနေနဲ့  မိမိရဲ့ရပ်တည်ချက်
ကို ကိုယ့်ကိုယ်ကို
ဝေဖန်ရေးလုပ်နိုင်ကြမယ်ဆိုရင် ဗမာပြည်ဒီမိုကရေစီတိုက်ပွဲ အရည်အသွေးအ
တဆင့်ခုန်တက် သွားလောက်ပြီလို့ ထင်ပါတယ်။ တကယ့်လူထု ခေါင်းဆောင်ဆိုတာ တိုက်ပွဲ
ထဲကပဲ ပေါ်ထွက်နိုင်ပါတယ်။ တိုက်ပွဲနဲ့ မှတ်ကျောက်တင်တာ
ခံနိုင်ရပါမယ်။ တိုက်ပွဲတွင်းမှာ ချေ
မှုန်းခံရရင် တိုက်ရင်းတည်ဆောက်၊
တည်ဆောက်ရင်းတိုက်ဖို့ကလွဲလို့ အခြားမရှိပါ။ ပါတီအကျိုး
အတွက်
ပါတီထောင်တားတာ party for party’s sake ဆိုရင်တော့ ဗိုလ်ချုပ်တခါက ပြောခဲ့ဖူးသ
လို့ တိုင်းပြည်ကတော့ ငါးပါးမှောက်ဖို့ သေချာပြီ
the country is doomed လို့ ပြောရမှာပါပဲ။ လူ
ထုနစ်နာဖို့
ကြောက်လို့ လူထုတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲကို အချိန်မမြှင့်တာလို့ ဆင်ခြေပေး
မယ်ဆိုရင်တော့ အခြေအနေကို မသုံးသပ်ဘဲ လူထုကို တဖက်သတ်
အထင်သေးတာလို့ပဲ ပြော
ပါရစေ။ စစ်အုပ်စုရဲ့ ပရိယာယ်ကို နားမလည်လို့၊
လျှော့တွက်ခဲ့ကြလို့ ၊ လိမ်လိမ်မာမာနဲ့ မတုံ့ ပြန်
နိုင်ခဲ့လို့၊
တိုက်ပွဲအရှိန်ကို ဆက်မထိန်းနိုင်ခဲ့လို့၊ ၉၀ ရွေးကောက်ပွဲနဲ့ လွှတ်တော်မခေါ်နိုင်ခဲ့လို့၊ ရ
ရင်ရ မရရင်ချ သဘောမထားနိုင်ခဲ့လို့
အစိုးရဖွဲ့နိုင်တဲ့အဆင့်က စစ်အုပ်စုနဲ့ ပေါင်းပြီး ဖွဲ့စည်းပုံ
ဆွဲရမယ့်အဆင့်၊ ဒီကတဆင့်လျှောပြီး တွေ့ ဆုံဆွေးနွေးပွဲလုပ်ခွင့်ပေးပါ။
ဖွဲ့စည်းပုံမှာပါတဲ့အချက်
တွေ ပြင်ပေးပါဆိုတဲ့ အဆင့်ကိုရောက်ခဲ့ရတာပါ။
အစိုးရဖွဲ့နိုင်တဲ့အဆင့်က နှစ် ၂၀ နီးပါးကြာခဲ့ပြီး
မှ နိုင်ငံရေး
အကျဉ်းသားတွေလွှတ်ပေးပါ။ နားလည်မှုနဲ့ လုပ်ကြရအောင်ဆိုတာ တော်လှန်ရေးအ
ဆင့်တက်လာတာ မဟုတ်ပါဘူး။ အဆင့်လျှောသွားတာ၊ ပြည်သူတွေ ပိုပြီး
နစ်နာလာတာ ဖြစ်ပါ
တယ်။ နယ်စပ်ဒေသမှာ မုဒိန်းကျင့်ခံနေရတဲ့ တိုင်းရင်းသူတွေ
ဘယ်နှစ်ယောက်ရှိပြီလဲ။ ပြည်တွင်း
မှာရော၊ ပြည်ပမှာပါ ထမင်းတနပ်အတွက် အသွေး၊
အသားရောင်းစားနေရတဲ့ အမျိုးသမီးတွေ
ဘယ်နှစ်ယောက်ရှိပြီလဲ။ နိုင်ငံတကာမှာ
ကုပ်သွေးစုပ်ခံနေရတဲ့ ဗမာအလုပ်သမားတွေ ဘယ်နှစ်
ယောက်ရှိပြီလဲ။
လူထုတိုက်ပွဲထဲမှာ သေတဲ့၊ ထောင်ကျတဲ့ အညတရပြည်သူတွေ ဘယ်နှစ်ယောက်
ရှိပြီလဲ။
ပြည်တွင်းစစ်မှာ သေတဲ့ အောက်ခြေက စစ်သားရော၊ တော်လှန်ရေး ရဲဘော်တွေ ဘယ်နှစ်
ယောက်ရှိပြီလဲ။
နာမည်ရှိတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို စစ်တပ်ကလည်း အလွယ်တကူ မထိရဲ
သလို၊
နိုင်ငံတကာကလည်း လျစ်လျူမရှုပါဘူး။ ထောင်ထဲရောက်တာနဲ့ ဆီးချိုဖြစ်ပြန်ပြီ၊ သွေးတိုး
ထပြန်ပြီ ဆိုတာ ပြည်ပ ဆက်သွယ်ရေးလမ်းကြောင်းကို ငွေကြေးပုံအောပြီး
တည်ဆောက်ထားနိုင်
တဲ့ အထက်တန်းစား နိုင်ငံရေးသမားတွေပဲ တင်ပြနိုင်ကြတာပါ။
ရဲဘက်စခန်းမှာ၊ ပေါ်တာဆွဲရာမှာ
သေသွားတဲ့ အညတရ ဒီမိုကရေစီဘက်တော်သား
ပြည်သူတွေကိုလည်း သနားကြပါအုံး။

မင်းတို့က ပြည်တွင်းမှာ မဟုတ်လို့ ပြောနိုင်တာဆိုတဲ့ အနုမာနလေးတွေနဲ့ တုံ့ ပြန်ဖို့လည်း စိတ်မစော
ကြပါနဲ့အုံး။ ဘယ်တော်လှန်ရေးမဆို ပြည်တွင်းမှာပဲ
အောင်ပွဲခံကြတာချည်းပါပဲ။ နိုင်ငံရေး တော်လှန်
ရေး လုပ်တယ်ဆိုတာ
ကျားမြီးဆွဲတဲ့ကိစ်စ၊ မီးခဲကိုင်တဲ့ ကိစ်စပါ။ ကိုင်ရဲရင် ရဲရဲကိုင်၊ မကိုင်ရဲရင်
ကိုင်ကိုမကိုင်နိုင်။ တတ်နိုင်သလောက်ပြော၊
ပြောသလောက်လုပ်ကြပါ။ မြေပေါ် မတက်ရဲရင်၊
တက်ဖို့
အကျိုးအကြောင်းမခိုင်လုံရင်၊ အခြေအနေမပေးရင် မြေအောက်မှာနေပြီး လိုအပ်တဲ့
ပြင်ဆင်မှုလုပ်ပါ။ ဟီးရိုးလုပ်ပြီး မဏ္ဍပ်တိုင်းလည်း တက်ပြ၊ ပြန်အဆော်ခံရတော့ မနှဲလေးအသံနဲ့
နိုင်ငံတကာကို တိုင်တည်ပြ လုပ်နေရုံနဲ့တော့
ဗမာပြည်ဒီမိုကရေစီရေးက ပြည်သူတွေအဖို့ မျှော်တော်
ဇောနဲ့ မောကြရုံပါပဲ။
ပြည်ပမှာရှိတဲ့ အများစု နိုင်ငံရေးသမားတွေကလည်း မာနယ်ပလောမှာ ဒီမိုကရေ
စီမရရင်၊
ချင်းမိုင်၊ မဲဆောက်မှာ ဒီမိုကရေစီရ၊ ၀ါရှင်တန်မှာ ဒီမိုကရေစီရနေတဲ့လူတွေပါ။ နအဖ ဖိနှိပ်
တာကို အကြောင်းပြလို့ ဆွေခုနစ်ဆက်၊
မျိုးခုနစ်ဆက်လည်း နိုင်ငံတကာကို ရောက်ကုန်ကြပါပြီ။
တချို့ဆို
နိုင်ငံတကာမှာ ပညာရော၊ အရင်းအနှီးပါ စုမိလို့ နအဖနဲ့ ပလဲပနံသင့်အောင်လုပ်ပြီး ပြည်တွင်း
ဝင်လို့ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့တောင် တာစူနေကြပါပြီ။

တော်လှန်ရေးဆိုတာ ဘုန်းတော်ဘွဲ့ သီတာ၊ ဧယင်ကျူးတာ မဟုတ်ပါကြောင်း

 


"စစ်အာဏာရှင်ပေါ်ပေါက်ခြင်းကိုတစေ့တစောင်းသုံးသပ်ခြင်း"

စစ်အာဏာရှင်စနစ်ဘာကြောင့်ပေါ်ပေါက်လာရသလဲဆိုတဲ့ မေးခွန်းတွေကြောင့် အဖြေတွေ
အမျိုးမျိုး၇ှိရာမှာအတစွဲကင်းကင်းနဲ့ပကတိတရားကိုသာဖြေဆိုကြပေမဲ့သမိုင်းပညာ
ရှင်ဆိုတာတို့နိုင်ငံရေးပညာရှင်ဆိုတာတို့တွေဟာသူတို့နဲ့မတူညီတဲ့အယူအဆတွေကိုတိုက်

ခိုက်လိုအားပြင်းပြင်းနဲ့ဖြေဆိုကြတာမှာဖြေရဖို့ထက်ပိုမိုရှုပ်ထွေးနားလည်မှုလွဲစေပြသာနာကို

သာတိုးပွားစေတဲ့အဖြစ်နဲ့သာရင်ဆိုင်နေကြရပါတယ်။တချို့ပညာရှင်ဆိုသူတွေကကွန်မြူနစ်

စနစ်သဘောတရားမြန်မာပြည်ကိုရောက်ရှိလာတဲ့အတွက်စစ်အာဏာရှင်စနစ်ကောက်ချက်

စွဲသလိုတချို့ကတော့ပြည်တွင်းစစ်ကြောင့်လို့ပြောကြရာမှာဒီအဖြေနှစ်ခုစလုံးဟာလုံးဝကိုမှား

ယွင်းတဲ့ကောက်ချက်တွေသာဖြစ်ပါတယ်။စစ်အာဏာရှင်စနစ်ကိုဘယ်လိုသဘောပေါက်တယ်

ဘယ်လိုသဘောထားသလဲဆိုတာကောက်ချက်ချလိုဖြစ်မှာပါ။အာဏာဆိုတာလူတန်းစားကို

စားပြုမှုရှိတယ်ဆိုတာနိုင်ငံရေးအခြေခံရှိသူတိုင်း၊လေ့လာသူတိုင်းသိကြပါတယ်။ဘယ်လိုလူ

တန်းစားကိုဘယ်လိုအာဏာနဲ့ကာကွယ်ထားတယ်ဆိုတာရှင်းရှင်းသိမြင်နိုင်ပါတယ်။အကြာ

သေးမှီကမကွေးတိုင်းမြိုင်ရေနံတွင်းပြသာနာ . . . . ဆက်လက်ဖေါ်ပြသွားပါမည်

 


လေးစားအပ်ပါသော ပြည့်သူ့ အမတ်များခင်ဗျား

 
ပြီးခဲ့သော အချိန် ကာလ အတွင်းက အောင်မြင်မှုမရသေးခဲ့သောCreadentials Challenges
ပြဿနာနောက်ပိုင်းမှာ ကျွန်တော်တို့
ပြည်တွင်းအင်အားစုများက NCGUB ၏ ခေါင်းဆောင်မှုအ
ပိုင်းအား အပြန်
အလှန်လေ့လာသုံးသပ်ခဲ့ကြပြီးနောက် ဦးဆောင်သူ ဘယ်လောက်အရေးကြီးသ
လဲဆိုတာ လေ့လာတွေ့ရှိခဲ့ပါတယ် ။

 

ပြည်သူ့အမတ်များ ခင်ဗျား

 

လူကြီးမင်းတို့ရဲ့ အဖွဲ့အစည်းမှာ ဦးဆောင်သူ နှင့် နောက်လိုက်တွေဟာအပေးအယူ မမျှကြသေးပါဘူး
ရရှိတဲ့ အခွင့်အရေးများကိုလည်း အသုံးချမှုအပိုင်းမှာအားနည်းနေတာတွေ့ရသလို ပကတိ အခြေအ
နေကို သုံးသပ်နိုင်မှုမှာလည်း အတော့ကိုအားနည်းတာ တွေ့ရှိရပါတယ် ။ဒါဟာ ဘာကိုပြနေသလဲ
ဆိုတော့ NCGUB ရဲ့ ထိပ်ပိုင်းဦးဆောင်သူများဟာ( အကုန်လုံးကို မဆိုလိုပါ ) Conformist ဆိုတဲ့
ဓလေ့ထုံးစံများ ၊ အစဉ်လာထိန်းသိမ်းမှုများကို အလေးထားတဲ့ ရှေးရိုးစွဲဝါဒီများက ဦးဆောင်မှုများ

( Leadership ) ကြောင့်ဟူလေ့လာမိပါတယ် ။

 

ပြည်သူ့အမတ်များ ခင်ဗျား

ရှေးရိုးစွဲဝါဒီများ ဦးဆောင်တဲ့ အဖွဲ့အစည်းဟာ စီမံကိန်းအရ ဖြစ်ပေါ်လာတဲ့ရည်မှန်းချက်ကို ပြည့်မှီ
တယ်ဆိုရင်ပဲ ကျေနပ် ရောင့်ရင့် တင်းတိမ်ကြပါတယ်( ခပ်ပြင်းပြင်းလေး ဝေဖန်ရရင်ဖြင့် သာမန်
ခေါင်းဆောင်ငယ် တစ်ယောက်ရဲ့အရည်အသွေးမျှသာလို့ ဝေဖန်ပါရစေ )Apple Computer အဖွဲ့
အစည်းရဲ့ Vision Statement ကိုလေ့လာကြည့်ရင်ဦးဆောင်သူ ( Leader ) ရဲ့ အရည်အသွေးကို
တွေ့ရမှာပါ ။

We don't want to make computer. We want to change the world

သူတို့ဟာ ကွန်ပျုတာကြီးသက်သက် ထုတ်လုပ်နေတာ မဟုတ်ပါဘူးတဲ့ကမ္ဘာကြီးရဲ့ နေထိုင်မှုပုံစံကိုပါ ပြောင်းလဲချင်တာပါလို့ ရဲရဲဝံ့ဝံ့ပြောချလိုက်တာပါဆိုလိုတာက သူတို့အဖွဲ့အစည်းကို ဦးဆောင်သူတွေ့ရဲ့ ယုံကြည်မှုစွမ်းရည်ဦးဆောင်မှုစွမ်းရည် ကိုပြသလိုက်တာပါ ။

 

ပြည်သူ့ အမတ်များခင်ဗျား

ကျွန်တော်တို့ ခပ်ဝေးဝေးက နိုင်ငံတွေကို ကြည့်နေစရာမလိုပါဘူးကျွန်တော်တို့ရဲ့ အိမ်နီးနားချင်းဖြစ်တဲ့ ဗီယက်နမ်ကိုပဲကြည့်ပါ ၊ဗီယက်နမ်ကို ယခင်ကပင် ယခုလူများ စီမန်ခန့်ခွဲကြပါသည်၊ကောင်းစွာမတိုး
တက်ခဲ့ပါ ဦးဆောင်သူများ အတွေးအခေါ်ပြောင်း၍ လုပ်နည်းပြောင်းသည့်အခါ တဟုန်ထိုးတိုးတက်
လာပါသည် မဟုတ်ပါလားခင်ဗျား( No leader changed , leadership changed ) ဆိုတဲ့ ဦးဆောင်သူ

မပြောင်းပဲ ဦးဆောင်မှုသာ ပြောင်းလိုက်ခြင်းဖြစ်ပါသည်။

 

လေးစားအပ်ပါသော ပြည်သူ့အမတ်များ ခင်ဗျား

ကျွန်တော်တို့ ဝေဖန် တင်ပြထားသလိုမျိုး လူကြီးမင်းတို့ NCGUB ၏ဦးဆောင်သူ အပိုင်း နှင့်
ဦးဆောင်မှု အပိုင်းကို လိုအပ်သလို အမြန့်အမြန်ဆုံး ပြုပြင်ပြောင်းလဲ၍
နိုင်ငံတော် နှင့် ပြည်
သူလူထုအပေါ်ကျရောက်နေသော စစ်အာဏာရှင်တို့၏ လောင်းရိပ်အား တွန်းလှန်ပြိုဖျက်နိုင်စေရန်
လေးစားစွာဖြင့် အကြံပြုတင်ပြလိုက်ပါသည် ။

--
သားထူး

  မြန်မာနိုင်ငံရေးသုံးသပ်ချက်
 ကျွန်တော်VOA.BBCကသုံးသပ်ချက်တွေ။တွေ့ဆုံမေးမြန်ူခန်းတွေကိုနားထောင်နေခဲ့တာကြာပါ
ပြီ၊သို့သော်သူတို့တွေ၏သုံသပ်ချက်ဖြေကြားချက်တွေသည်၊ဝေ့လည်ကြောင်ပတ်နိုင်လွန်လှ
သည်။အဓိကအရာပျောက်ပျောက်နေသည်။သူတို့တွေသည်ပြည်သူကိုပဲအုံကြွခိုင်းနေကြသည်။ ပြည်သူကြွလျှင်ရမည်ဟုထင်နေကြသည်။အဲဒီအယူအဆကိုတော့လက်ခံပါသည်။ သို့သော်အဲဒီမှာတင်အဆုံးသတ်မသွားသင့်တကယ်တန်းပြည်သူကအုံကြွခဲ့သည်သို့သော် ရှေ့မှမားမားမတ်မတ်ဦးဆောင်ဦးရွက်ပြုမည့်နိုင်ငံရေးခေါင်းဆောင်၊နိုင်ငံရေးပါတီတွေကနအဖကို နိုင်ငံရေးစာပွဲဝိုင်းပေါ်ရောက်လာအောင်တွန်းအားပေးအသုံးချနိုင်ခဲ့ပါသလား။ကျွန်တော်တို့သုံး
သပ်ရမည်။အဓိက ကျွန်တော်တို့ပြည်သူတွေလိုအပ်နေတာခေါင်းဆောင်ကောင်းပင်ဖြစ်သည်။
နိုင်ငံခြားတိုင်းပြည်တွေနှင့်ကျွန်တော်တို့တိုင်ူးပြည်အဓိကကွာခြားနေတာကအဲဒီအချက်ပင်ဖြစ် သည်။လူထူအုံကြွမှုဖြစ်တိုင်းနိုင်ငံေ၇းပါတီတွေ၏ပါဝင်ဦးဆောင်မှုသည်ပျောက်ပျောက်နေသည်။
လူထု၏အားကိုအသုံးချပြီး(နအဖ)အားနိုင်ငံရေးစားပွဲဝိုင်းပေါ်ရောက်လာအောင်ပြုလုပ်ရပေမည်
VOA, BBC မှတွေ့ဆုံမေးမြန်းခန်းများတွင် ပါဝင်အမေးမြန်းခံကြသည့် သူများသည်။ ပြာစရာ
ရှိလျှင်ရဲရဲပြောကြပါ။ ဝေဖန်စရာရှိလျှင် ရဲရဲဝေဖန်ပါ ပြည်သူကို ဝေေ၀၀ါးဝါးဖြစ်အောင်
မလုပ်ကြပါနဲ့။ကျွန်တော်တို့မြန်မာပြည်နိုင်ငံရေးအတွက်မှန်ကန်တည့်မတ်သည့်အပြုသဘောဝေ
ဖန်ရေးမျိုးသည် အမြဲလိုအပ်နေမည်သာဖြစ်သည်။

                                                 နိုင်ငံချစ်သူ


လေးစားအပ်ပါသောခေါင်းဆောင်ကြီးများနှင့်
နိုင်ငံရေးဘက်တော်သားများ
အားလုံးသို့

 

ကျနော်တို့ သည်မြန်မာ့မြေပေါ်တွင်ရှင်သန်မွေးဖွားလာကြသည့်မြန်မာနိုင်ငံသားများပီပီဖိနှိပ်ခံ
ဘဝမှလွတ်မြောက်လို သည့်စိတ်ဓါတ်များကိုယ်စီတူညိကြမည်မှာဧကန်မှန်လိ
မ့်မည်ဟုထင်မြင်
ယူဆမိပါသည်။
အာဏာရှင်စနစ်မှလွတ်မြောက်နိုင်ေ
ရးအတွက်ကြိုးစားဆောင်ရွက်ကြသည့်နိုင်ငံရေးအာဇာနည်
များပေါ်ထွက်လာ
သည်မှာရှစ်လေးလုံးမှစပြီးယနေ့ အချိန်ထိအများဆုံးဟုလည်းဆိုနိုင်ပါသည်။
နိုင်ငံရေးလုပ်ရှားသူခေါင်းဆော
င်များနှင့်နောက်ပါများတို့မှာပြည်တွင်းတွင်ဖမ်းဆီးခံရတာတွေရှိ
နေသလိုပြည်
ပတွင်ခိုလုံလုပ်ရှားနေကြသူများလည်းအမြောက်အများရှိနေကြပါသည်။ထိုသူတို့ ၏ဆောင်ရွက်ချက်များအားလုံးကိုကျနော်တို့ ကလေးစားကြပါသည်။

အဘယ်ေ
ကြာင့်ဆိုသော်ပြည်သူတရပ်လုံးလွတ်မြောက်ရေးကိုဆောင်ရွက်နေကြသော
ကြောင့်ဖြစ်ပါ
သည်။ထိုသူအားလုံးကိုပြည်သူတရပ်လုံးကလည်းအားထားယုံကြည်နေ
ကြပါသည်။
ပြည်တွင်းမှလုပ်ရှားသူများမှာအာ
ဏာရှင်တို့ ၏ရန်ကြောင့်လွတ်လပ်စွာလုပ်ရှားမရနိုင်
သည့်
အတွက်ထိရောက်သောပြုပြင်ပြောင်းလဲရေးမဖြစ်နိုင်သည်ကိုနားလည်နိုင်သကဲ့
တို့ ကျနော်တို့ ပြည်ပလှုပ်ရှားသူများကတနည်းနည်းေ
ပြာင်းလဲအောင်ဘာကြောင့်မ
လုပ်ရှားနိုင်ကြပါသနည်း

ပြန်လည်သုံးသပ်ကြဖို့ လိုနေပါသည်။ပြည်ပလုပ်ရှားနြေ
ကသည့်အဖွဲ့ အစည်းပေါင်း
များစွာရှိပါသည်။လူ
ပေါင်းများစွာပညာရှင်များစွာရှိသည်။သို့သော်အမြင်မတူသ
ဘာထားကွဲပြာနေကြသောကြောင့်အလုပ်တွင်မတွင်ကျယ်ဘဲဖြစ်နေကြရသည်။အ
ချုပ်ပြောရလျှင်အဖွဲ့ များပြီးအစည်းမရှိဟုဆိုရပါမည်။
ပြည်တွင်းပြည်ပလုပ်ရှားသူများကိ
ုနိုင်ငံတကာကကူညီလိုသည်ဆိုလျှင်ပင်ဘယ်အဖ
ွဲ့အစည်းကိုကူညီရမည်ဆိုသည်လည်းေ
ဝခွဲမရဘဲရှိကောင်းရှိလိမ့်မည်ထင်ပါသည်။နအ
ဖကိုဘယ်သူကမှမကြိုက်သော်လည်းသူ့ နည်းသူဟန်ဖြင့်ဘယ်သူ့ ကိုမှဂရုမစိုက်ဘဲသူ့ 
လမ်းကိုသူလျှောက်နေသည်။မကြာမီ၂၀၁၀ကိ
ုရောက်ပါတော့မည်။
ကျနော်တို့ ဘာလုပ်ကြမည်နည်း။ကျနော်တို့ အတွက်လျှောက်ရမည့်လမ်းတိုတောင်း
နေပါပြီ။ရွိသမွ်ေ
သာအဖွဲ့ အစည်းအားလုံးတို့ မှာဒီမိုကရေစီရေးအတွက်ဆိုသည့်ဦး
တည်ချက်
တူညီကြမည်ဆိုလျှင်ယနေ့ တစ်စိတ်တည်းတသားတည်းဖြစ်ဖို့ လိုနေပါပြီ။
personal တွေရှိနေတဲ့အဖုအထဲ့တွေကိုအဖွဲ့
အစည်းစာမျက်နှာပေါ်သို့ တင်ဆောင်မ
ယူဘဲတစ်ခုတည်းသောလမ်း
စဉ်တစ်ရပ်အောက်မှာပူးပေါင်းပါဝင်လုပ်ဆောင်သင့်ကြ
ပါပြီ။တကယ်လို့ သာဘာမှမလုပ်ဆောင်နိုင်ခဲ့ဘူးဆိုရင်တို့ တွေအားလုံးသမိုင်းမှာအ
ရိုင်းစာ
ရင်းဝင်များဖြစ်ကြပါလိမ့်မည်။
ဖြစ်ခဲ့ပြီးသောကိုယ့်အကြောင်းသူ့ အကြောင်းတွေကိုဘေးဖယ်ထားပြီးညီညာလက်တွဲ
ကြပါစို့ လို့ တောင်းဆိုရေးသားလိုက်ပါသည်။


ဒီစာသည်ဘယ်သူတဦးတယောက်ကိုမှမရည်ရွယ်ဘဲမိမိအမြင်ကို
ရေးခြင်းသာဖြစ်သည်။မှားလျှင်ခွင့်လွတ်ကြပါ။

ပညာကျော်


ဒုတိယအိမ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်၊ အမြင်များကိုတင်ပြလိုက်ပါတယ်။ အပြည့်အစုံကိုအောက်တွင်
ဖတ်ရှုပါ။

အပြည့်အစုံ.......



                                         2010     ပါဝါအရွေ့

    ယနေ့ကာလတွင် ဗမာပြည်နိုင်ငံရေး လက်ရှိအခြေနေကို ပြန်ပြောင်း ကြည့်ရှုပါက
စစ်အုပ်စု၏ ပိုမိုအရုပ်ဆိုးလာမှုနှင့် ပြည်သူလူထု၏ အတိဒုက္ခကိုသာ မီးမောင်းထိုးပြရပေမည်။
အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံပြည်သူအကြား မှုလရှိပြီးသား အပ်ကြောင်းကို အကြီးမားဆုံး ပြိုကွဲ
သွားစေမည့် စစ်အုပ်စု၏ ၂၀၁၀ စိန်ခေါ်မှုနှင့် ငွေဖေါင်းပွမှုကြောင့်ဒုက္ခရောက်နေကြသော
ပြည်သူလူထု၏ ရွှေဝါရောင်အလွန်နာကျင်မှုတို့ပြင်းထန်စွာ ထိတ်တိုက်တွေ့ပြီး ပေါက်ကွဲမှုကြီး
တစ်ခု ဖြစ်လာနီုင်သော အခြေအနေကို ထပ်လောင်းပေါင်းစပ်ပါက ၂၀၁၀ သည် နိုင်ငံရေးတည်
်ငြိမ်မှု ပျက်ပြားပြီးအဆိုးရွားဆုံးသော အနေအထားဖြင့်စစ်အုပ်စု ရာဇပလ္လင်ပေါ်မှ ခွေးကျကျ
ကိန်းလည်း ရှိသွားနိုင်ပါသည်။

အပြည့်အစုံ...........


အမေရိကန်နိုင်ငံ မက်ဆာချူးဆက်စက်မှုတက္ကသိုလ် ပါမောက္ခ Mr. Noam Chomsky နှင့်
ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ်သတင်းစာ မေးမြန်းခန်းမှ မြန်မာနိုင်ငံဆိုင်ရာ ကောက်နုတ်ချက
်
အသက် (၈၀) တန်း ရှိနေပြီဖြစ်သည့် ပါမောက္ခ Mr. Avram Noam Chomsky သည်
ဘာသာဗေဒ ပညာရှင်၊ အတွေးအခေါ်ပညာရှင်၊ နိုင်ငံရေးလှုပ်ရှားသူ၊ စာရေးဆရာ၊ ကထိက
စသည့် ဂုဏ်ပုဒ် များနှင့် ကျော်ကြားသူဖြစ်သည်။သူ၏ စာတန်းများ၊ သဘောတရား အယူအ
ဆများကြောင့် နိုင်ငံတကာ တက္ကသိုလ် ပညာတတ်အသိုင်းအ၀န်းနှင့် သိပ္ပံပညာ အသိုင်းအ
ဝန်းတို့တွင် ကျော်ကြား သည့် ပညာရှင်တဦးဖြစ်သည်။
မြန်မာနိုင်ငံ ဗီယက်နမ်စစ်နှင့်
လူသားအနာဂတ်ဆိုင်ရာ ကိစ္စများနှင့်ပတ်သက်ပြီး ပါမောက္ခ
Mr. Noam Chomsky အား ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ်သတင်းစာက မေးမြန်းချက်ကို ဇူလိုင်
(၁၄) ရက်ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။ ထိုမေးမြန်းချက်များထဲမှ မြန်မာ
နိုင်ငံနှင့် ပတ်သက်သည့် အပိုင်းကို ကောက်နုတ် ဘာသာပြန်ထားခြင်းဖြစ်သည်။


အပြည့်အစုံ
သူတို့တွေကိုချက်ချင်းလွှတ်
 
ဆရာကြီးအမှတ်တရ
 
သူ့မှာတမ်း သူတို့အဆုတ်၊ထားခဲ့မြှုတ်သည့် ဗုံးငုတ်တိုက်မှား၊မောင်ပြောက်ကျားကို ရွာသားရွာသူမေးကြမြူသည် အူအူယမ်းငွေ့ထတုန်းတည်း။ အမောင်ပြောက်ကြား၊ ချစ်သူအားကို ဘာများမှာခဲ့လိုသနည်း။ ငယ်ကကြင်မြတ် မိသတ်မှတ်ကို ခွင့်လွှတ်ခဲ့ကြောင်းပြာပါလေ။ အမောင်ပြောက်ကျား မိဘအားကို ဘာများမှာခဲ့လိုသနည်း။ မွေးသည့်မိခင် မွေဖခင်ကို ဦးတင်ခဲ့ကြောင်းပြောပါလေ။ အမောင်ပြောက်ကျားတိုင်းပြည်အားကို ဘာများမှာခဲ့လိုသနည်း။ ခရီးမတ်တတ် လမ်းခုလတ်တွင် ကိုယ်လွတ်ရှောင်ခွာ ခွဲရပါ၍ အားနာခဲ့ကြောင်းပြောပါလေ။ ယမ်းငွေ့အူအူ တလူလူနှင့်မေးမြူကြတုန်း အနောက်ကုန်းတွင် နေလုံးကွယ်လေပြိတကား။ မင်းသုဝဏ်


၈၈အရေးတော်ပုံကြီး၏ပုံရိပ်များ - ဖျောက်ဖျက်မရပါ

တိုင်းတပါးကျွန် စစ်တပ်ကျွန်nဘယ်ကျွန်မှမခံ

ဒေါင်းအလံဟေ့ ... ကျောင်းနံရံတ၀ိုက်

ဒေါင်းအလံပြန်စိုက်မယ်

ဒေါင်းအလံပြန်စိုက်မယ်

မင်းကိုနိုင်


Buffalo မြို့မှဒေါ်အောင်ဆန်းစုကြည်ဆုတောင်းပွဲ

ချက်ချင်ရင်ဒီမှာရှိနေတယ်
နိုင်ငံရေးအကျဉ်းသားတစ်ဦးအတွက်
 
ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံ ရေးအကျဉ်းသားအားလုံးကြားပါစေသား သိပါစေသား၊ အများအတွက်၊ တိုင်းပြည် အတွက်၊ ကိုယ်ကျိုးစွန့်၍၊ အနစ်နာခံ၍ နိုင်ငံရေးလုပ်ခြင်း၊ မိမိယုံကြည်ချက်အ တွက်အကျဉ်းထောင်များ၌၊ နေအိမ်များ၌ မတရားဖမ်းဆီးခံနေရသော သူရဲကောင်း အပေါင်းအား ငါတို့ပြည်သူလူထုကြီးက ဦးညွတ်လိုက်ပါတယ်။ ဂုဏ်ပြုလိုက်ပါ တယ်။ သင်တို့ရဲ့စွန့်လွှတ်မှုများကို ငါတို့ အတုယူရင်း သင်တို့ရဲ့ လုပ်ဆောင်မှုများ အတိုင်း ငါတို့လည်း ပေးဆပ်ဖို့ အဆင် သင့် ရှိနေပါပြီ။ မင်းကိုနိုင်

ရွှေဝါရောင်တော်လှန်ရေးရဲ့မြင်ကွင်းများ
ရွှေဝါရောင်တော်လှန်ရေးမှာသွေးမြေကျခဲ့ရတဲ့ ရဟန်း၊ - သံဃာ၊ ပြည်သူအပေါင်းအားဦးညွတ်လျှက်

ဝက်ဆိုဒ်အသစ်ကိုပြုလုပ်ထားပါသည် ၀င်ရောက်အားပေးကြပါ။ံ့http://narathein.ibloger.org http://www.webnarathein.tk
အကျဉ်းထောင်` ရက်စက်သည့်ပုံစံ
 

ရက်စက်ယုတ်မာသည့်လုပ်ရပ်များအား - ဆန့်ကျင်ကြ...ဆန့်ကျင်ကြ...ဆန့်ကျင်ကြ



လူထုအသံ
Grazr




နိုင်ငံရေးသီချင်းများ

လာရောက်လည်ပတ်သူများ
 



ပြက္ခဒိန်အားကြည့်ရှုနိုင်ပါသည်





 
n
အောင်မိုး
ဖန်တီးသူ
Dedign by
မိုးကြီး
This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free