နွားကွဲလျှင် ကျားဆွဲလိမ့်မည်
ဦးနေ၀င်းရဲ့ ဆိုရှယ်လစ်စနစ်ချုပ်ငြိမ်းပြီး ၈၈ အရေးအခင်းလွန်ကာလ မှာမြန်မာ့ဒီမိုကရေ
စီအရေးအတွက် ရှေ့ဆုံးကဦးဆောင်ပါဝင်ခဲ့သူများကတော့ အနတီစု နဲ့ ကိုမျိုးသန်းထွဋ် ပဲဖြစ
်ပါတယ်။ မြန်မာ့ဒီမိုကရေစီရေး လှုပ် ရှားမှုမှာတော့ ကိုမျိုးသန်းထွဋ် ကပိုစောပါတယ်။
ကိုမျိုးသန်းထွဋ် ကတော့ ၁၉၈၈ ခုနှစ် မတ်လ ကျောင်းသားလှုပ်ရှားမှုမှာ စတင်ပါဝင်ခဲ့ပါ
တယ်။ ၂၁.၆.၈၈ ရက်နေ့ အဓိပတိလမ်းမပေါ်မှာ မျက်နှာအ၀တ်မစည်းပဲ ဟောပြောရာ
ကနေ နာမည်ရလာပါတယ်။ သူရေးတဲ့ ``မိုးသီးဇွန် ´´ ဟူသော ကဗျာခေါင်စဉ်ကို အမည်ဝှက်
လုပ်ရာကနေ မိုးသီးဇွန် အဖြစ်လူသိများလာတာပါ။ အန်တီစု ကတော့စစ်အုပ်ချုပ်ရေး
ရုပ်သိမ်းပြီး သြဂုတ် ၂၆ ကျမှ ရွှေတိဂုံ အနောက်မုခ် ဟောပြောပွဲနဲ့ စင်ပေါ် တက်လာတာပါ။
ကိုမျိုးသန်းထွဋ် က ကျောင်းသားလှုပ်ရှားမှုကို ခေါင်းဆောင်သူတွေထဲက တစ်ဦးဖြစ်ပြီး
ဒေါ်စုကိုတော့ နိုင်ငံရေး သမားဟောင်း ( ၀ဲ၊ ယာအားလုံး) က တင်ပေးလိုက် တဲ့သူလို့
ဆိုနိုင်ပါတယ်။ အဲဒီလိုနဲ့ ပါတီတွေ ဖွဲ့ခွင့်ရတော့ ကိုမျိုးသန်းထွဋ်က လူ့ဘောင်သစ်
ဒီမိုကရက်တစ် ပါတီဆိုပြီး ထောင်ပါတယ်။ အန်တီစု ကတော့ အောင်စုတင်ကနေ ပေါ်
လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အထွေထွေ အတွင်းရေးမှူး ဖြစ်လာပါတယ်။
အန်တီစုရဲ့ ခရီးစဉ်တွေမှာ မိုးသီးဇွန် လိုက်ပါလေ့ရှိသလို အန်တီစုကလဲ နယ်မြို့တွေ
ရောက်ရင် လူ့ဘောင်သစ်ရုံးတွေကို သွားပြီး လူငယ်တွေနဲ့ တွေ့လေ့ရှိပါတယ်။ အဲဒီတုံး
က နှစ်ဘက် သဘောတူ ထားတာကတော့ ဒီချုပ်ကို လူ့ဘောင်သစ်က ၀န်းရံပေးရမယ်။
ရွေးကောက်ပွဲကျရင် ဒီမိုကရေစီဘက်က မဲတွေ ကွဲမသွားအောင် လုပ်ရမယ် ဆိုတာပါပဲ။
၁၉၄၅- ၄၆ တုန်းက ဖဆပလကို ဦးဆောင်နေတဲ့ သခင်သန်းထွန်းနဲ့ ဗိုလ်ချုပ်အောင်ဆန်း
ကို နိုင်ငံခြား သတင်းစာတွေက ဆန်းနဲ့ သန်း လို့ ရေးသလို အဲဒီတုံးကလဲ စုနဲ့ မိုး ခေတ်ပါပဲ။
၈၈ လေးလုံးမှာ တောင်းဆိုကြွေးကျော်ခဲ့တဲ့ ကြားဖြတ်အစိုးရဖွဲ့ စည်းပေးရေး ကလည်း
တဖြည်းဖြည်းမေ့ပျောက်လာပြီး ရွေးကောက်ပွဲဘက် အာရုံကျသွားကြပါတယ်။ ကိုမျိုးသန်း
ထွဋ် ရဲ့ အယူအဆက ပါတီဖွဲ့တာဟာ န၀တ လက်အောက်မှာ နိုင်ငံရေး လုပ်နိုင်ဖို့ပဲ ဖြစ်တယ်။
ဒီအခွင့်အရေးကို ယူပြီး ကြားဖြတ်အစိုးရဖွဲ့၊ ကြားဖြတ်အစိုးရက ရွေးကောက်ပွဲ လုပ်ပေးရမယ်
ဆိုတာပါ။ ဒါကလဲ ဗကပ ၄၈၂၈ ကော်မတီ ကိုသက်ခိုင်တို့ ချပေးတဲ့လိုင်း ဖြစ်ပါတယ်။ ဒီလိုနဲ့
တဖြည်းဖြည်း ၀ါးစည်းပြေသလို စည်းလုံးမှု ပျက်ပြားလာခဲ့ ပါတယ်။ အန်တီစု တောင်ကြီး
ဘက်တွင် နယ်ဆင်းနေပြီး ရန်ကုန်မှာမရှိခိုက် ၁၉၈၉ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ကိုမျိုး
သန်းထွဋ် လက်မှတ်ထိုးထားတဲ့ `` လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီရဲ့ အမျိုးသား
နိုင်ငံရေး လှုပ်ရှားမှုနှင့် အောင်ဆန်း စုကြည်အပေါ် သုံးသပ်ချက် ´´ ဆိုတဲ့ စာတမ်း
ထွက်လာပါတယ်။ အန်တီစု ရှမ်းပြည်က ပြန်ရောက်တော့ ဒီချုပ် ခေါင်းဆောင်များနဲ့
လူ့ဘောင်သစ် ခေါင်းဆောင်များ ဆွေးနွေးတဲ့အခါမှာ လည်း ကိုမျိုးသန်းထွဋ် မပါဝင်ခဲ့
ပါဘူး။ ဧပြီလထဲမှာ လူ့ဘောင်သစ် အတွင်းရေးမှူး မိုးဟိန်းနဲ့ တွဲဘက် အတွင်းရေး
မှူး ရဲနိုင်အောင်တို့က ကိုမျိုးသန်းထွဋ်ကို ဝေဖန်ထားတဲ့ ``မိုးသီးဇွန် သို့မဟုတ်
ကြိုးမဲ့လေတံခွန် ´´ဆိုတဲ့ စာတမ်း ရေးသားခဲ့ကြပါတယ်။ ဒီလိုနဲ့ လူ့ဘောင်သစ် ပြိုကွဲပြီး
ဧပြီလ ကုန်ခါနီးမှာ ပထမ အကြိမ် ဗမာနိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံခေါ်ပြီး အမှုဆောင်
အသစ်တွေ ရွေးခဲ့ရပါတယ်။ နောက်တော့ ကိုမျိုးသန်းထွဋ်လည်း နယ်စပ် ထွက်သွား၊
လူ့ဘောင်သစ်လဲ ကိုမိုးဟိန်း ခေါင်းဆောင်တဲ့ အဖွဲ့နဲ့ ကိုအောင်ဇေယျ ခေါင်းဆောင်တဲ့ အဖွဲ့
ဆိုပြီး နှစ်ခြမ်းကွဲ သွားပါတယ်။ နောက်ဆုံး ၁၉၉၁ ဒီဇင်ဘာ ကျတော့ အထွေထွေ အတွင်း
ရေးမှူး လုပ်နေတဲ့ ကိုအောင်မိုးဇော် က နယ်စပ် ထွက်သွားပြီး ဒေါက်တာ စိန်ဝင်းတို့နဲ့ သွား
ပေါင်းတာကို အကြောင်းပြပြီး န၀တက လူ့ဘောင်သစ်ကို ဖျက်သိမ်း လိုက်ပါတယ်။
အခုလည်းသံသရာတစ်ပတ် လည်လာပြီလို့ ပြောရမလို ဖြစ်နေပါ တယ်။ ၂၀၁၀ ရွေးကောက
်ပွဲဝင်ရေး/မ၀င်ရေး နဲ့ ပတ်သက်ပြီး အချင်းချင်း သဘောထားတွေကွဲလွဲ နေကြပါတယ်။
ဧပြီလက ``ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင် ဆင်ရေးစာတမ်း´´ ကို ဦးသိန်းညွန့် ၊ ``စည်း
ရုံးရေးစာတမ်း´´ကို ဦးအုန်းကြိုင် နှင့် ``နိုင်ငံရေးစာတမ်း´´ကို ဒေါက်တာ သန်းငြိမ်းတို့
က ရေးသားခဲ့ကြပါတယ်။ စာမူ ကြမ်းရေးနေချိန်မှာပဲ မကွေးတိုင်း ကိုယ်စားလှယ် များဖြစ်
တဲ့ ဦးစိုးမြင့်နဲ့ ဦးမြင့်သိန်း တို့က ကန့်ကွက်ခဲ့တဲ့အတွက် NLD ရုံးချုပ်မှ ခေါ်ယူတွေ့ဆုံ
ခဲ့ရပါ တယ်။ ဦးမြတ်လှ တောင်းဆိုတဲ့ NLD-CEC ၂ ဦးနုတ်ထွက်ပေးရေးကလည်း
NLD အတွင်း အတော်ဂယက်ရိုက်ခတ် သွားပါတယ်။ အစည်းအဝေးတက် ရောက်ခိုင်းပြီး
ဆွေးနွေးခွင့်မရသူများက မကျေနပ်ဖြစ်နေကြပါတယ်။ ရွှေဂုံတိုင်ကြေညာချက်ပင်လျင်
စာသားများ လွဲမှားနေသောကြောင့် ပြဿနာ တက်ခဲ့ကြပြီး ဦးတင်ဦး၊ အန်တီစု၊ ဦးဝင်းတင်
နှင့် ဦးခင်မောင်ဆွေ တို့မှအပ ကျန်CEC အဖွဲ့ဝင်များကို ပါတီမှ အနားယူပေးရန်တောင်းဆို
ထားကြောင်း သိရပါသည်။ လွန်ခဲ့သော နှစ် ၂၀ ကျော်က ကိုမျိုးသန်းထွဋ် ရေးခဲ့သော
စာတမ်းသည် နိုင်ငံရေးအလှည့်အပြောင်းတစ်ခု ကို ဖန်တီးနိုင်ခဲ့ပြီး လူ့ဘောင် သစ်ပါတီ
ကို ပျက်သုန်းပျောက်ကွယ်သွားစေခဲ့ပါသည်။ အခု တင်သွင်းသော စာတမ်း ၃ စောင်မှာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် မြန်မာပြည်သူများအား မည်သို့ အကျိုးခံစားရမည်ကို
အချိန်ကအဆုံးအဖြတ်ပေးမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။
မိုးသီးဇွန်၏ အမျိုးသားနိုင်ငံရေးလှုပ်ရှားမှု နှင့် အောင်ဆန်းစုကြည် အပေါ်သုံးသပ်ချက်
စာတမ်းဖြစ်ပါသည်။
၂၀၀၉ ခုနှစ် သြဂုတ်လ (၂) ရက်နေ့ဆိုလျှင် မြန်မာနိုင်ငံ ဒီမိုက
ရေစီအရေးတော်ပုံ အောင်မြင်ရေးအတွက် ဦးလှသန်း (အမျိုး
သားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊
ကိုကိုးကျွန်း မဲဆန္ဒနယ်) အသက်ပေးဆပ်သွားခဲ့သည်မှာ (၁၃) နှစ်တင်းတင်းပြည့်ပြီဖြစ်သော်လည်း ဒီမိုကရေစီရရှိရေးတိုက်ပွဲ
ကား ယနေ့တိုင် ဆက်လက်ဆင်နွှဲနေရဆဲဖြစ်သည်။ ဦးလှသန်း
မှာမူ သမိုင်းရေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်သွားခဲ့သည့်
နိုင်ငံ့သားကောင်းအဖြစ် သမိုင်းစာမျက်နှာပေါ်တွင် ကမ္ပည်းတင်
ကျန်ရစ်ခဲ့ပြီဖြစ်ပေသည်။
ဦးလှသန်းသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ခရီးသွားလာရေးခက်ခဲရုံမက စည်းရုံးရေးလုပ်ရန် လည်း
မလွယ်ကူသော ကိုကိုးကျွန်းမဲဆန္ဒနယ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်
အဖြစ် စွန့်စွန့်စားစားဝင်ရောက် အရွေးခံခဲ့သူဖြစ်သည်။ အရပ် (၅ ပေ ၆ လက်မ) ခန့် အသားညိုညို
ပိန်ပိန်ပါးပါး ဖြစ်သော်လည်း ဦးလှသန်းသည် ကျစ်လျစ်ကြံ့ခိုင်မှုရှိသူဖြစ်သည်။ ဥပဒေအကျိုးဆောင်
ဖြစ်လာ၍လားမသိ၊ အ၀တ်အစားကို အမြဲသပ်သပ်ရပ်ရပ် ၀တ်ဆင်တတ် သည်။ အဖွဲ့ချုပ်သို့ လာ
သည့်အခါတိုင်း ပင်နီတိုက်ပုံအင်္ကျီ အမြဲဝတ်လေ့ရှိသူဖြစ်သည်။ ရှေ့နေအဖြစ် အသက်မွေးသော်လည်း
စကားကို လိုအပ်မှသာ ပြောလေ့ရှိသည်ကို သတိထားမိသည်။ အပြည့်အစုံသို့. . . .
နွားခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ
ရေးသူ - အမည်မသိ
မနေ့က သတင်းစာ ဖတ်ဖြစ်လားလို့ တယောက်က စကားစတယ်။ ဘာလဲလို့ မေးတော့ကျေးရွာ
တွေမှာ လျှပ်စစ်ထုတ်သုံးနိုင်ဖို့ လူတယောက်ရဲ့ တီထွင်မှုအကြောင်းဆောင်းပါး ရေးထားတာတဲ့။
ဆောင်းပါးရေးသူက ရွှန်းရွှန်းဝေအောင်ချီးမွမ်းထားတာပဲတဲ့။အဲဒီ တီထွင်သူ ဓာတ်ပုံလည်း ပါ
တယ်လို့ ပြောတယ်။ ၂၀၀၀ ခုနှစ် ကတည်းကစမ်းသပ်ခဲ့တာ အခု ၂၀၀၇ကုန်မှ အောင်မြင်တာတဲ့
။ လျှပ်စစ်ဘယ်လိုထုတ်တာလဲလို့ မေးတော့ ဒိုင်နမိုမော်တာကို အလယ်မှာ ထောင်ထားပြီး
ဝါးလုံးတွေနဲ့ ပေ ၇၀လောက်ရှိတဲ့ လှည်းဘီးပုံကြီးလုပ်လို့ နွားတွေနဲ့လှည့်ခိုင်းတာတဲ့။ နွား ၆
ကောင် ၆ နာရီ မနားတမ်းလှည့်ရင် မီးချောင်းအချောင်း ၂၀၀ လင်းတယ်တဲ့။ ၆နာရီလှည့်တာ
ဘယ်နှစ်နာရီ လင်းသလဲလို့ထပ်မေးတော့ ၆နာရီလင်းတာပေါ့လို့ ပြောပြတဲ့ လူကစိတ်မရှည်သလို
ပြန်ဖြေတယ်။ပြီးတော့ သူက ပြောသေးတယ်။ အဲဒီ လျှပ်စစ်ထုတ်တဲ့ဒိုင်နမိုကို ကွန်ပြူတာနဲ့လည်း
ချိတ်ဆက်ပြီး ထိန်းချုပ်ထားတာဆိုပဲ။မီးအား အသုံး၊ အတက်အကျတွေကို ကွန်ပြူတာနဲ့ ထိန်းထား
တာတဲ့။ အဲဒီကွန်ပြူတာကို ဘယ်မီးနဲ့ ဖွင့်သလဲဆိုတော့ ပြန်မဖြေဘူး။ ဘုကြည့်ပြန်ကြည့်တယ်။
ကျနော်လည်း ဆက်မမေးတော့ဘဲ စဉ်းစားကြည့်မိတယ်။ ၆နာရီ မီးလင်းဖို့ နွား၆ကောင်က ၆နာရီ
လမ်းလျှောက်ရမယ်။ နွားလဲတယ်ဆိုရင်တော့ အနည်းဆုံး ၃ဆိုင်းလဲရမယ်။ ၆ ကောင်တွဲ ၃ဆိုင်းဆို
ရင် ၁၈ကောင် လိုမယ်။ ပေ၇၀ လှည်းဘီးဆိုတော့ပေရှစ်ဆယ် ပတ်လည်လောက် ကွင်းကျယ်ကျယ်
တခု လိုမယ်။ မြေပြန့်လည်း ဖြစ်ရမယ်။မီးကြိုးတွေ သွယ်ဖို့လည်း သိပ်မဝေးရဘူး။ အဲဒီ အလယ်
ကောင်မှာဒိုင်နမိုကြီးချပြီး နွားတွေနဲ့ လှည့်တာ။ နွားတွေက တနေကုန် အိပ်နေတဲ့ကောင်တွေ မ
ဟုတ်ဘူး။ အလုပ်က လုပ်ထားရတာ။ လင်းမယ့် မီးက မီးချောင်း။ပြီးတော့ မိုးရွာရင် အဲဒီ ပေ ၇၀ အ
ကျယ်ကြီးကို အမိုး မိုးပေးရဦးမယ်။လောင်စာကို ချွေတာတာတော့ ချွေတာတာပေါ့လေ။ ဒီ အရူးပ
ရောဂျက်ကြီးကိုစဉ်းစားတဲ့ လူက ၇နှစ် အကုန်ခံပြီး စဉ်းစားလုပ်တယ်။ ချီးမွမ်းတဲ့ လူကသတင်းစာ
ကနေကို တိုင်းပြည် အခုချက်ချင်း တိုးတက်တော့မယ်လို့ ရေးပြီးချီးမွမ်းတယ်။ ကောင်းကြသေးရဲ့
လား အရပ်ကတို့ရယ်။ တီထွင်တဲ့ လူကြီး နောက်ဘ၀နွားမဖြစ်ပါစေနဲ့လို့တော့စိတ်ထဲကနေဆု
တောင်းပေးလိုက်သေးရဲ့။ ။
မှတ်ချက် ။ ။ ကြက်ဆူပင်တွေတော့ လမ်းဘေး ၀ဲယာအနှံ့(တပြည်လုံး)မှာ
စိုက်ပြီးပြီ။ ခုတော့ တပြည်လုံး နွားမွေးရမယ့် အခြေအနေ ရောက်လာပြီ။
အားလုံး မွေးပြီးတဲ့အခါ ကျနော်တို့တိုင်းပြည်ကြီးလည်း
နွားတိုင်းပြည်ကြီးဖြစ်လို့ "နွားခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ"
ဆိုရတော့မယ်။ စကားမစပ် နေပြည်တော် ၀န်းကျင်ကို မြန်မာပြည်မှာ
အကြီးကျယ်ဆုံး နွားမွေးမြူရေး ဧရိယာအဖြစ် သတ်မှတ်ဖေါ်ဆောင်နေတယ်
သတင်းကြားရတယ်။ ဒီသတင်းမှန်ရင်/ တကယ် အကောင်အထည်ပေါ်ရင် နေပြည်တော်က အရင်
နွားနေပြည်တော် ဖြစ်မှာ …။
မသိလို့မှားတာလားသိသိနဲ့မှားတာလား
ယမန်နှစ်က ဘာသာရေးပွဲတခုတွင် တိုက်တိုက်ဆိုင်ဆိုင် နေပြည်တော်မှ အရာရှိကြီးတချို့နှင့်
ဆုံဖြစ်သည်။ သည်လိုဖြင့် စကားစပ်မိကြရာက ဘုန်းကြီးတွေကို ကန်တော့တဲ့အခါ ခါးမှာချိတ်
ထားသော သေနတ်ကို ဖြုတ်ထားသင့်ကြောင်းကိစ္စ ရောက်သွားသည်။ အပြည့်အစုံသို့
ညီညွတ်ရေးရဲ့အဓိပ္ပါယ်
မိတ်ဆွေကြီးရေ..ခင်ဗျားကအတင်းဆက်ရေးပါ..ဆက်ရေးပါပြောနေလို့..ဆက်ရေးပါ့မယ်…စိတ်
ခုစရာပါရင်..စိတ်မဆိုးပါနဲ့ဗျာ..ကိုတောသားက..ကြားသမျှမြင်သမျှ…အချိုးမကျတာလေးတွေကို.
.စေတနာနဲ့ပြောနေတာပါ…ဘယ်သူ့ကိုမှ..သာစေ…နာစေမရှိပါဘူး…အထူးသဖြင့်..ကိုယ့်မိတ်ဆွေ
ကြီးကိုပေါ့…ကိုတောသားဆက်ရေးမယ်ပြောခဲ့တာ..ညီညွတ်ရေးရဲ့..အဓိပ္ပါယ်ဖွင့်ဆိုချက်နော်……ဒီမိုကရေစီတော်လှန်ရေးကြီး……….ဒီလောက်ကြာရှည်ရတဲ့အပေါ်အမျိုးမျိုးသော..ဝေဖန်ချက်တွေ..သုံးသပ်ချက်တွေ……..ထွက်ပေါ်လာနေကြတာ…ကိုတောသားတို့အသိ..
မိတ်ဆွေလဲ..အသိပါ….နောက်ဆုံးအားလုံးသဘောတူကြတာက…ညီညွတ်ရေးလိုအပ်တယ်ဆိုတာ
ပါပဲ…။ဒီနေရာမှာ…ပြောစရာရှိလာတာက…ဘယ်လိုညီညွတ်ရေးလဲဆိုတာပါ..ပြောနေကြတဲ့…ညီ
ညွတ်ရေးဆိုတာ…ဘယ်လိုညီညွတ်ရေးကို....ဆိုလိုပါသလဲ…ကိုတောသားလဲအများနည်းတူ..ဝင်ပါ
ချင်လာပါတယ်…မနေတတ်မထိုင်တတ်တဲ့ပိုးကြောင့်…တောထဲရောက်…အနှစ်နှစ်ဆယ်လောက်…
ဒုက္ခရောက်နေတာတောင်..မမှတ်တဲ့..ကိုတောသားပါ…။ထားပါတော့ခင်ဗျာ…ဒါတွေဟာ..ကိုယ့်ဒုက္ခ
နဲ့ကိုယ်ပါ……
ဘယ်လိုညီညွတ်ရေးလဲ
မိတ်ဆွေအနေနဲ့အလုံးစုံညီညွတ်ရေးလို့ပြောလာရင်..ကိုတောသားအကြံပေးချင်တာက…မိတ်ဆွေရဲ့
..လက်ကလေးကို….စားပွဲပေါ်မှာမှောက်ချ…လက်မကိုကျော်ပီးရှည်ထွက်နေတဲ့…ကျန်လက်လေး
ချောင်းကို…လက်မနဲ့အတိဖြတ်ချလိုက်ပါလို့….အကြံပေးချင်တာပါပဲ..ဘယ့်နှယ့်ဗျာ..ကိုယ့်မှာရှိတဲ့…
လက်ကလေးငါးချောင်းတောင်မှ…အတိုအရှည်မညီတဲ့ဟာ…..အမျိုးမတူ..အသွင်ကွဲပြားတဲ့…..အဖွဲ့
တွေကို…ဘယ်လိုညှိလို့ရနိုင်မလဲ..။ကိုတောသားသိတဲ့ညီညွတ်ရေးအဓိပ္ပါယ်လေးတွေကို…..ပြောပြ
ချင်ပါတယ်…ကိုတောသားတို့နားလည်တဲ့……..နိုင်ငံရေးကကြီး..ခခွေး...ဗဟုသုတနဲ့..ပြောရတာဆို
တော့…စကားလုံးတွေမလှတာကိုတော့…နားလည်ပေးဗျာ…။
အထုပ်ညီညွတ်ရေးလားအသုပ်ညီညွတ်ရေးလား
အထုပ်ညီညွတ်ရေးဆိုတာ…အိမ်မှာထားစရာခက်လို့..ရှိသမျှ..အထုပ်တွေကို…ထိပ်ပိတ်ပြီးစည်းထား
လိုက်တာပါ…အမြင်မှာတော့..သပ်ရပ်သန့်ရှင်းပြီးလှသပေါ့…ထိပ်ပိတ်ထားလိုက်တဲ့သဘောက…အထဲ
ရှိတဲ့ဟာတွေ..အကုန်လုံး….အလုပ်မဖြစ်တော့တဲ့..သဘောပဲ…။အသုပ်ညီညွတ်ရေးဆိုတာက……
ခင်ဗျားပိတ်ထားတဲ့..ထိပ်စည်းကြီးကိုဖွင့်…ငရုတ်မှုန့်ထုပ်ထဲက…….ဆားထုပ်ထဲက..အချို့မှုန့်ထုပ်ထဲက..ဆီချက်ပုလင်းထဲက…ခေါက်ဆွဲဗန်းထဲက..စသည်စသည်ဖြင့်..သင့်တော်ရာလေးတွေကိုပေါင်းစပ်
လို့…ခင်ဗျားပေါင်းစပ်တတ်ယင်…….ပေါင်းစပ်တတ်သလို…..ချို..ချဉ်…ငန်..စပ်..အရသာရှိတဲ့….အသုပ်
တပွဲဖြစ်အောင်လုပ်မလား..ဆိုတာပါ….။ဆိုလိုတာဗျာ…ရှိတဲ့ဟာတွေ…ထိပ်ကပိတ်စုလိုက်တော့..
အောက်ကမတူကွဲပြားတာတွေ..ကလဲ…သူ့သဘောသူဆောင်…အပေါ်ကထိပ်စည်းကြီးကလဲ..ဘာမှမ
လုပ်နိုင်..အောင်မလေး…..ပြောယင်းပြောရင်း…ကျောယားသလိုဘာလိုလိုနဲ့..ခင်ဗျား…..တော်တော်ဒုံး
ဝေးတဲ့လူ…..။အသုပ်ညီညွတ်ရေးဆိုတာ..ကျွန်တော်တို့အခုလတ်တလော..ဘာလုပ်နိုင်မလဲ….တူညီတဲ့
..အခြေခံလေးတခုရယင်…ဘာလုပ်နိုင်မှာရှိလဲ…ခေါက်ဆွဲသုပ်လား..လက်ဖက်သုပ်လား..ဂျင်းသုပ်လား
ပေါ့…ခင်ဗျားလက်ဆိပ်ရှိရင်..ရှိသလို…အရသာရှိမှာပေါ့…မြန်လဲမြန်ရမယ်..အကျိုးသက်ရောက်မှုလဲ...
ရှိရမယ်ပေါ့ဗျာ...အလုံးစုံ..ညီညွတ်ရေးဆိုတာ....မလွယ်ပေမယ့်..တူညီတဲ့အခြေခံ..တခုပေါ်မှာ..အများ
သဘောကြိုက်ညီတာလေးတခု..တွဲပြီး…လုပ်မယ်ဆို…လက်သုပ်သုတ်တာလောက်တောင်…..မခက်ပါ
ဘူးဗျာ….။တခုတော့ရှိသဗျာ..နောက်ဆယ်နှစ်လား…အနှစ်နှစ်ဆယ်လားမသိ…ကြာနိုင်တဲ့ဟာကြီးကြောင့်
…ကွဲကြပြဲကြမယ်..စိုင်းပြင်းနေကြတာမျိုးတော့..ကိုယ့်ဟာကိုယ်သာစဉ်းစားကြည့်ပေါ့..ကိုတောသားတို့က….ဘယ်ဘက်ကိုမှ…ဝေဖန်နေတာမဟုတ်ပါဘူး…အကျိုးရှိ..မရှိ…ဆိုတာကို…စဉ်းစားစေလိုတာပါ…ဒါ
ရယင်ဘာအကျိုးဖြစ်လာမလဲ…ဒါမရသေးပဲနဲ့..ကွဲမယ်..ပြဲမယ်ဆို..ဘာတွေဆုံးရှုံးမလဲ..စဉ်းစားကြဖို့ပါ….
တစ်နဲ့တစ်ပေါင်းနှစ်…တစ်နဲ့အနှုတ်တစ်ပေါင်းသုညဆိုတာ..လေးတန်းခလေးကိုမေးရင်တောင်ရနေပြီ….
ခင်ဗျားလို..ဝါရင့်အတွေ့အကြုံရင့်..ပုဂ္ဂိုလ်ကြီးအတွက်ဆို..ချိုင်းပလေးပါဗျာ….ပညာရှိ…..သတိဖြစ်ခဲဖြစ်မှာစိုးလို့သာပြောနေရတာပါ…။သူတို့တောင်ဂရုမစိုက်သေးတာ..ကိုယ်လဲကိုယ့်သဘောနဲ့..ကိုယ်လုပ်ရုံရှိတာပေါ့ဆိုယင်တော့..ကိုယ်ကျိုးနဲကြရုံရှိတာပေါ့ဗျာ...ပညာဥာဏ်ကြီးသူများက..ပိုသတိထားရမှာပေါ့...
သူများမှားလို့..ငါလဲလိုက်မှားတယ်..ဘာဖြစ်သေးလဲကွာဆိုယင်တော့.....။
ကိုတောသားသိတဲ့..နားလည်တဲ့ညီညွတ်ရေးဆိုတာ…ဒါပါပဲ…လက်ဖက်သုတ်လား..ဂျင်းသုတ်လား..အ
ဆင်ပြေညီညွတ်တာလေးတွေကို…တဖြည်းဖြည်းစလုပ်သွားတာပါ…တူညိတဲ့..အုပ်စုတွေအလိုက်..အချိန် ကိုက်...တိုင်ပင်ကိုက်...လုပ်ကြဖို့သာလိုတာပါ...။အားလုံးလုပ်ကြမယ်ဆိုယင်..ကိုတောသားက..ကော့
တေးလုပ်တတ်တယ်…သန်ရာသန်ရာပေါ့နော်…ဖရဲသီလေးတစိတ်…လိမ္မော်သီးလေးနှစ်လုံးလောက်..
စပျစ်သီးနဲနဲ…ဝီစကီနဲနဲ….အဆင်ပြေရင်...ရမ်လေးနဲနဲ…ဘီယာနဲနဲ…တတ်နိုင်ယင်ဝိုင်နီလေးထပ်ဖြည့်…
ခုန..အပေါ်ကလက်သုပ်လေးတွေများနဲ့ဆို….အတိုင်းထက်အလွန်ပေါ့…နော်ဗျာ…။
ပြောရင်းနဲ့..ကိုတောသားကိစ္စလေးတခု..သတိရသွားလို့…ဘုံဆိုင်ဘက်..အဲလေ..အပြင်ခဏ…..ပြေး
လိုက်ဦးမယ်နော်……နောက်နေ့တွေ…အဓိပ္ပါယ်ရှိသောထုတ်ပြန်ချက်များအကြောင်း..ဆက်ဆက်ရေးပါ့
မယ်ဗျာ…အခုကိုတောသား..လေအောင့်သလိုလိုဖြစ်နေတော့…..ဆုံကြဦးမယ်လေ..ပျော်ပျော်ပါးပါးပေါ့.။
ကိုတောသား(မဲဆောက်)
ရန်သူ့အကြောင်း ကိုယ့်အကြောင်း ကျနော်တို့တော်လှန်ရေးအကြောင်း
အညတြတော်လှန်ရေးသမားတဦး ( ၇ နိုဝင်ဘာ ၂၀၀၈ )
ရန်သူ့အကြောင်း ကိုယ့်အကြောင်းလို့ဆိုပေမယ့် ရန်သူနဲ့ကိုယ်နဲ့ လူ့စည်းဘီလူးစည်းခြားနေပုံ
အကြောင်းကို ပြောလိုခြင်းမဟုတ်ပါ၊၊ ရန်သူနဲ့ကိုယ်နဲ့ အချို့ကိစ္စတွေမှာ မတူအပ်မတူသင့်ဘဲ
တူနေတဲ့အချက်တွေကို ပြောချင်တာပါ။ တခါတုန်းက တိုင်းမဂ္ဂဇင်း အက်ဆေးတပုဒ်မှာလား
မသိ။ “နိုင်ငံရေးမှာ မိမိဘာလဲ ဆိုတာကို သိဖို့ထက်၊ မိမိဘာမဟုတ်ဖူးလဲဆိုတာကိုလည်း သိဖို့
အရေးကြီးပါတယ်” ဆိုတဲ့ စာကြောင်းတကြောင်းကို မှတ်သားမိတယ်။ ကျနော်တို့တော်လှန်
ရေးသမားတွေ၊ အထူးသဖြင့် လက်နက်ကိုင်တော်လှန်ရေးသမားတွေ ကိုယ့်ကိုယ်ကိုယ် ပြန်
ကြည့်ကြဖို့ သတိပေးလိုလို့ ဒီစာကိုရေးခြင်းဖြစ်ပါတယ်။ အပြည့်အစုံ. . . .
သမဂ္ဂအမေ
ကျောင်းသားသမဂ္ဂ၊ တကသ၊ ဗကသ၊ ရဲ့မှု(၅)ချက်ဖြစ်တဲ့ အမျိုးသားရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ကျောင်းသားထုအခွင့်အရေးကာကွယ်ရေး၊ ဒီမိုကရေစီပညာရေးနဲ့ အလံ(၃)
လက်ဖြစ်တဲ့၊ငြိမ်းချမ်းရေးအလံ၊ဒီမိုကရေစီရေးအလံ၊အမျိုးသားတန်းတူညီမျှရေးနှင့်သွေးစည်း
ညီညွတ်ရေးအလံတွေဟ၊ကျွန်တော်တို့အသွေးသားထဲမှာ စီးဆင်းနေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ ၁၉၂၀. မှအစပြုလို့...၁၉၆၂. ၁၉၇၄. ၁၉၇၅. ၇၆. ၁၉၈၈. ၁၉၉၆ ခေတ်
အဆက်ဆက် ကနေ့ထိ ကျောင်းသားသမဂ္ဂဖြစ်တဲ့ သမဂ္ဂအမေကနေ သားသမီးတွေ မွေးထုတ်
ပေးခဲ့၊မွေးထုတ်ပေးနေဦးမှာပါ၊ ဗမာပြည်ရဲ့ ရဟန်းရှင်လူ ပြည်သူအပေါင်း စစ်အာဏာရှင် စနစ်
အောက်ကလွတ်လပ်ပြီး လု့အခွင့်ရေးနဲ့ ဒီမိုကရေစီအရေးအမျိုးသားနိုင်ငံရေးတာဝန်တွေကို
အသက်သွေးချွေး..ဘ၀တွေပေးဆပ်ခဲ့ပါပြီ။ ပေးဆပ်ဦးမှာပါ၊ အပြည့်အစုံ. . . .
ဤတကွေ့ဝယ်
မိုးစက်များကြားမှ အဖြူအစိမ်းဝတ်ကျောင်းသူ ကျောင်းသားများ၏ ကြွေးကြော်သံမှာအနှစ်(၂၀)တိုင်
သော်လည်း မဆိတ်သုဉ်းပေ။ သွေးစက်ဖြင့်ရင်းနှီးထားခြင်း၏ရလာဒ်က ၉၀ ရွေးကောက်ပွဲသာဖြစ်ပေ
သည်။၉၀ရွေးကောက်ပွဲအားအာဏာရှင်မှသဘောထားကြီး၍ လုပ်ပေးခြင်းမဟုတ်ပေ။ရဲရင့်သောပြည်
သူနှင့်ကျောင်းသားတို့၏ အသက်သွေးတို့ဖြင့်  သန္ဓေတည်ထားသည်ကို မမေ့ကြဖို့လိုသည်။
စိုးထက်ခိုင်(တောင်ငူထောင်)
ဆက်ဖတ်ရန် »