4/26/2011 သတင်းတွေကြည့်နေရင်း ထိုင်းမှဒုက္ခသည်သတင်းကို ဖတ်မိတယ်။ထိုင်းမှ ဒုက္ခသည်တွေကို ပြန်ပို့မည် ဆိုတဲ့သတင်းဖတ်အပြီးမှာ အတိတ်ကအကြောင်းတွေ သတိရမိတော့ ဒီအကြောင်းရေးချင်လာတာနဲ့ ရေးဖြစ်သွားတယ်။မိမိမှာ ညီအကိုလိုသူငယ်ချင်းလို ချစ်ခင်ရတဲ့ ဆွေမျိုးတော်တဲ့ ညီဝမ်းကွဲရှိပါတယ်။ညီဝမ်းကွဲက ၁၀တန်းအောင်တဲ့အထိ အေးတယ် စိတ်သဘောကောင်းတယ် လူချစ်လူခင်များပါတယ်။မိမိနဲ့က အရက်ခိုးသောက်ဖက်တွေဆိုတော့ ဆိုးတိုင်ပင်၊ကောင်းတိုင်ပင်ပေါ့။ဒီလိုနဲ့ ၁၀တန်းအောင်တော့ သူ့ကိုDSAတက်ခိုင်းလိုက်ပါတယ်။သူ့ဆန္ဒမပါဘဲ မိခင်ရဲ့အတင်းလုပ်ခိုင်းမှုကြောင့် မျက်ရည်ကျပြီးDSAကို သွားတက်တော့တယ်။ပြန်လာရင် အတူတူသောက်ကြ ဘဝအကြောင်းပြောကြနဲ့ ဟုတ်နေတာဘဲ။ဒီလိုနဲ့ ၃နှစ်ပြီးတော့ သူလည်းသင်တန်းဆင်း အရာရှိပေါက်စ ဘဝနဲ့ခြေမြန်တပ်ရင်းတခုမှာ တာဝန်ကျပါတယ်။မိမိလည်းဘွဲ့ရ ကုမ္ပဏီမှာဝန်ထမ်းဘဝနဲ့ ရှင်သန်ဖြတ်သန်းနေရတယ်။ညီဝမ်းကွဲနဲ့ မတွေ့တော့တာလည်း ၄နှစ်လောက်ရှိသွားပါပြီ။၎နှစ်လောက်ကြာပြီးချိန်မှာ ညီဝမ်းကွဲရောက်လာပါတယ်။အကို သောက်ရအောင်လို့စကားစလာတော့ သောက်တော့တာပေါ့။မှုးလာတော့ ကိုယ့်အကြောင်းပြော၊သူ့အကြေင်းပြောကြတာ မတွေ့တာကြာတော့ပြောကောင်းသား။သူ့အကြောင်းတွေပြောတော့ နားထောင်နေတဲ့မိမိမှာ အံသြမိတယ်။ယခင်က အေးတဲ့လူ၊စိတ်သဘောနူးညံတဲ့လူက အများကြီးပြောင်းလဲနေပြီ။DSA၊စစ်တပ်ဆိုတာ လူကိုရိုက်သွင်းလိုက်တာဘဲ။သူရဲ့ပြောတာတွေကို ရေးရရင် သူက ကရင်ပြည်နယ်ဘက်ကို စစ်ဆင်ရေးသွားရတယ်။၁နှစ်သွား၁နှစ်နား ၂ခါသွားပြီးပြန်လာသူပါ။သူအပြောက လန့်စရာပါ(အကို ကလေးတွေ့လည်း သတ်ရတာဘဲ။ဒီကရင်ခလေးတွေက မလွယ်ဘူး မိုင်းလုပ်တတ်တယ်။သူတို့လုပ်တဲ့ မိုင်းမိရင် မပြင်းဘေမဲ့ အနည်းဆုံးခြေပြတ်လက်ပြတ်ဘဲ ဒီတော့တွေ့ရင် ခလေးလည်း သတ်ရတာဘဲ။
သူပြောနေတာ စိတ်အေးလက်အေး သွေးအေးလူသတ်သမားလိုဘဲ။ပြီးတော့ သရဲခြောက်တာ ပြောလာတယ်(တော်ထဲမှာ ကင်းလှည့်ရင်း စခန်းချရမယ်နေရာရောက်တော့ စခန်းချတယ်အကို။စခန်းချတဲ့နေရာက ၂ထပ်ခရစ်ယာန်ဘုရားကျောင်းအဟောင်းအပျက်ကြီးဗျ။ညရောက်တော့ အပေါ်ကနေ ရှပ်ရှပ်ရှပ်ရှပ် နဲ့သံတွေကြားနေရတယ် အစတော့ ရဲဘော်တစ်ယောက် ရေဒီယိုဖွင့်နေတာထင်ပြီး ထဆဲမိတယ်။ပြီးတော့မှ မဟုတ်ဘူး တညလုံးခြောက်နေတာ။နောက်မှ စုံစမ်းတော့ ရှေ့က စစ်ကြောင်းက ဒီဘုရားကျောင်းထဲမှာ ဝတ်ပြုနေတဲ့ကရင်တွေကို ပစ်သတ်သွားတာ အကုန်အသေဘဲ။
သူ့ရဲ့ပြောဆိုတာတွေ နားထောင်ရင်းစိတ်မကောင်းဖြစ် လာတော့ သူလည်းစကားလှည့်သွားတယ်။စဉ်းစားကြည့်တော့ ဒုက္ခသည်တွေကို ပြန်ပို့ရင် အတင်းမပို့ပါနဲ့။လက်ရှိအစိုးရနဲ့ သေချာခိုင်မာတဲ့ ကတိ၊ခံဝန်တွေတောင်းပြီး စိတ်ချရမှသာ ပို့သင့်ပါတယ်။ဒီလိုသာမဟုတ်ရင် ကရင်ပြည်နယ်က လူမျိုးတွေ တဖြည်းဖြည်းနဲ့ စစ်တပ်ရဲ့ သတ်ဖြတ်မှုအောက်မှာ မျိုးပျောက်သွားမှာ တွေးပြီးစိုးရိမ်မိပါတယ်။........ဆက်ရေးနေမယ့်....mzo......